Wednesday, April 4, 2018

ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ် ဓာတ်လှေကားသစ် နှစ်စင်းဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲ ကျင်းပ

Image may contain: 1 person, standing and outdoor
ရန်ကုန် ဧပြီ ၃
ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဘုရားဖူးပြည်သူများ စိတ်ကြည်လင် ချမ်းမြေ့စွာ တက်ရောက်ဖူးမြော်နိုင် ရန်အတွက် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ရှိ ဓာတ်လှေကားသစ် နှစ်စင်းဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် အဆိုပါ ဓာတ်လှေကားရှေ့၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းအလှည့်ကျဂေါပက အဖွဲ့ဝင် သဘာပတိ ဦးဝင်းနိုင်၊ မစ်ဆူ ဘီရှီကော်ပိုရေးရှင်းမှ မစ္စတာကိုဘ ရရှိနှင့် မစ်ဆူဘီရှီအီလက်ထရစ် (MELCO))မှ မစ္စတာ စစခီ တို့က ဓာတ်လှေကားသစ်နှစ်စင်းကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာ များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော် ရင်ပြင်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များ တန်ဆောင်း၌ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကားပြောကြားသည်။
ထို့နောက် မစ်ဆူဘီရှီ ကော်ပို ရေးရှင်းမှ မစ္စတာကိုဘရရှိနှင့် မစ်ဆူ ဘီရှီအီလက်ထရစ် (MELCO))မှ မစ္စတာ စစခီတို့က လှူဒါန်းရသည့် အကြောင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးဝင်းနိုင် က ဂုဏ်ပြုထောမနာစာတမ်းလွှာကို ဖတ်ကြားသည်။
ယင်းနောက် အလှူရှင် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းနှင့် မစ်ဆူဘီရှီအီလက် ထရစ်(MELCO))တို့မှ ဓာတ်လှေကား သစ်နှစ်စင်းနှင့် ပတ်သက်သည့်စာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ရွှေတိဂုံ စေတီတော်မြတ်ကြီး သက်တမ်းမှာ ၂၆ဝ၆ နှစ်ရှိပြီ ဖြစ် သည်။ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပြည်တွင်း ပြည်ပဒေသအသီးသီးမှ လာရောက်ဖူးမြော်ကြသော ဘုရားဖူး ဧည့်သည်အရေအတွက်သည် ပုံမှန် ရက်များတွင် ၈ဝဝဝဝ ခန့်နှင့် အခါကြီးရက်ကြီးများတွင် နှစ်သိန်း ခန့် လာရောက်ဖူးမြော်လျက်ရှိ သည်။ ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့အနေဖြင့် လာရောက်ဖူးမြော် ကြသည့် ပြည်တွင်း၊ ပြည်ပဘုရားဖူး ဧည့်သည်များ အဆင်ပြေစိတ်ချမ်းသာ စွာ ရင်ပြင်ပေါ်သို့ တက်ရောက်နိုင်စေ ရန် ဓာတ်လှေကား၊ စက်လှေကားများ တည်ဆောက်တပ်ဆင်ပေးထားသည်။
အရှေ့ဘက်မုခ် မူလဓာတ်လှေကား နှစ်စင်းမှာ ၁၉၉၆ ခုနှစ်က တပ်ဆင် ထားခဲ့သော်လည်း သက်တမ်းနှစ် ၂ဝ ကျော်ကြာမြင့်ခဲ့ပြီးဖြစ်၍ ဆက်လက် သုံးစွဲရန် မသင့်လျော်သဖြင့် ဓာတ်လှေကား အသုံးပြုသူများ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင် ရန်အတွက် မစ်ဆူဘီရှီကော်ပိုရေးရှင်း နှင့် မစ်ဆူဘီရှီအီလက်ထရစ် (MELCO))တို့က အသစ်တပ်ဆင် လှူဒါန်းခြင်း ဖြစ်သည်။
ယခုအသစ်တပ်ဆင်လှူဒါန်းသော ဓာတ်လှေကားမှာ မစ်ဆူဘီရှီအမှတ် တံဆိပ် ၂ဝ ယောက်စီး(1350KG) ဓာတ်လှေကား နှစ်စင်းဖြစ်ကြောင်း သိရသည်။
သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment