Wednesday, April 4, 2018

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ၊ မိုင်းရှင်းလင်းရေးဆိုင်ရာလုပ်ငန်းများ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

Image may contain: 3 people, people sitting and indoor
နေပြည်တော် ဧပြီ ၃
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုရေးရာ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စ အူဆူလာမူလာ အား ယနေ့နံနက် ၁၁ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ၊ မိုင်းရှင်းလင်းရေး ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment