Sunday, April 1, 2018

မြောက်ကိုရီးယား အဆင့်မြင့်အရာရှိတစ်ဦးနှင့် ဥရောပသမဂ္ဂတာဝန်ရှိသူများ တွေ့ဆုံမည်

Image may contain: 1 person

ဘရပ်ဆဲ 
မတ် ၃၁
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးနှင့် ဥရောပသမဂ္ဂ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးကြရန် မြောက်ကိုရီးယားနှင့် ဥရောပသမဂ္ဂ သံတမန်များက စီစဉ်မှုများ ပြုလုပ်လျက်ရှိကြောင်း ယနေ့သတင်းများအရ သိရသည်။
ဥရောပသမဂ္ဂ တာဝန်ရှိသူများက မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဥရောပရေးရာဌာန ညွှန်ကြား ရေးမှူးချုပ် ကင်ဆွန်ဂျောင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဥရောပသံတမန်များက အင်န်အိတ်ခ်ျကေ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဧပြီလ အစောပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ကင်ဆွန်ဂျောင်သည် ဥရောပကော်မရှင်၊ ဥရောပသမဂ္ဂ အမှုဆောင်အဖွဲ့နှင့် ဥရောပသမဂ္ဂ သံတမန်ရေးရာဌာနတို့မှ တာဝန်ရှိသူများနှင့် ဘရပ်ဆဲမြို့တွင် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံအား ဥရောပသမဂ္ဂမှ ချမှတ် ထားသည့် စီးပွားရေးပိတ်ဆို့မှုများနှင့်ပတ်သက်ပြီး တာဝန် ရှိသူများက ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း သိရသည်။
ညွှန်ကြားရေးမှူးချုပ် ကင်ဆွန်ဂျောင်သည် ဥရောပ သို့ ရောက်ရှိနေပြီဖြစ်ပြီး ဧပြီလအတွင်း ဥရောပရှိ ဒေသ တွင်းနိုင်ငံများသို့ အလည်အပတ်သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ များက ညွှန်ကြားရေးမှူးချုပ် ကင်ဆွန်ဂျောင်နှင့် မတ် ၂၉ တွင် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။
မြောက်ကိုရီးယားအလုပ်သမားပါတီ ဒုတိယဥက္ကဋ္ဌ ရီဆုယောင်အား ဥရောပနိုင်ငံများသို့ လာရောက်ခွင့် ရရှိရန် မြောက်ကိုရီးယားသံတမန်များက ကြိုးပမ်းလျက် ရှိသည်ဟု သံတမန်သတင်း အရင်းအမြစ်များက ပြောကြား သည်။
ညွှန်ကြားရေးမှူးချုပ် ကင်ဆွန်ဂျောင်သည် နိုင်ငံ တကာကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရာတွင် အဓိကတာဝန် ရှိသူဖြစ်သည့်အပြင် ယခုရက်သတ္တပတ်အတွင်း ခေါင်းဆောင်ကင်ဂျုံအန်၏ ပေကျင်းခရီးစဉ်အတွင်း လိုက်ပါခဲ့သူလည်းဖြစ်သည်။
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို ဧပြီ ၂၇ ရက်တွင် ကျင်းပမည် ဖြစ်ပြီး မေလနှောင်းပိုင်းတွင် ခေါင်းဆောင်ကင်ဂျုံအန်နှင့် သမ္မတဒေါ်နယ်ထရန့်တို့ တွေ့ဆုံမည်ဖြစ်ကြောင်း သိရ သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment