Sunday, April 1, 2018

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ အကြီးတန်းတာဝန်ခံနှင့် အဖွဲ့အား တွေ့ဆုံ

Image may contain: 5 people, people sitting and indoor

နေပြည်တော် မတ် ၃၁
ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း သည် အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အကြီးတန်း တာဝန်ခံ Ms. Charlotte Oldham-Moore နှင့်အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာအဆောင် အမှတ် (I-5) အစည်းအဝေးခန်းမ၌ တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံလွှတ်တော်များဆက်ဆံရေးပိုမိုတိုးမြှင့်ရေး ဆောင်ရွက် ရန်နှင့် နှစ်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန် လေ့လာရေး ခရီးစဉ်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment