Sunday, April 1, 2018

ကန်ဒါဟာပြည်နယ်တွင် အာဖဂန်တပ်ဖွဲ့များနှင့် စစ်သွေးကြွများ တိုက်ခိုက်စစ်သွေးကြွ ဦးရေ ၃ဝ ကျော် သေဆုံးပြီး တစ်ဒါဇင်နီးပါးဒဏ်ရာရ

Image may contain: ocean, sky, outdoor, water and nature

ကန်ဒါဟာ မတ် ၃၁
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် မတ် ၃ဝ ရက် ညပိုင်းက အစိုးရတပ်ဖွဲ့များနှင့် စစ်သွေးကြွ များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်သွေးကြွဦးရေ ၃ဝ ကျော်သေဆုံးပြီး တစ်ဒါဇင်နီးပါးရှိသော စစ်သွေးကြွများ ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲက ယနေ့တွင် ပြောကြားသည်။
အာဖဂန်အစိုးရလုံခြုံရေးတပ်ဖွဲ့များသည် မတ် ၃ဝ ရက် ညပိုင်းက ကန်ဒါဟာပြည်နယ် မီဝန်းခရိုင် ဆာရာ ဘာဂဲလ်ဒေသအတွင်းရှိ တာလီဘန်စစ်သွေးကြွများ ပုန်းခိုရာ နေရာများသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၃ဝ ကျော်သေဆုံးပြီး အခြားစစ်သွေးကြွ ၁ဝ ဦးခန့် ဒဏ်ရာရခဲ့ကြောင်းနှင့် စစ်သွေးကြွများ ပုန်းအောင်းရာ နေရာအချို့ကို ဖျက်ဆီးခဲ့ကြောင်း သတင်းတွင် ဖော်ပြ သည်။
ယင်းစစ်ဆင်ရေးအတွင်း အာဖဂန်အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်များက တာလီဘန်စစ်သွေးကြွတို့၏ မော်တော် ဆိုင်ကယ် ၂၆ စီး၊ မော်တော်ယာဉ်ရှစ်စီးနှင့် ကွန်ပျူတာ အချို့ကို သိမ်းယူခဲ့ကာ စစ်သွေးကြွများ၏ ကျန်းမာရေး ဆေးကုသခန်းတစ်ခုကို ဖျက်ဆီးခဲ့ကြောင်း ကန်ဒါဟာ ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။
ယင်းပြောကြားချက်နှင့် ပတ်သက်၍ ကန်ဒါဟာ ပြည်နယ်တွင် လှုပ်ရှားမှုများပြုလုပ်နေသည့် တာလီဘန် စစ်သွေးကြွအုပ်စုက လတ်တလောတွင် မှတ်ချက်ပြုပြော ကြားခြင်းမရှိကြောင်း သတင်းတွင် ဖော်ပြသည်။
ဆင်ဟွာ

No comments:

Post a Comment