Wednesday, April 4, 2018

အိန္ဒိယနိုင်ငံတစ်ဝန်း ဒါလစ်ဇာတ်နိမ့်များ၏ဆန္ဒပြပွဲများအတွင်း ခြောက်ဦးထက်မနည်းသေဆုံး

Image may contain: 15 people, people smiling, crowd and outdoor
နယူးဒေလီ ဧပြီ ၃
အိန္ဒိယနိုင်ငံတစ်ဝန်း၌ ဒါလစ်ဇာတ်အမျိုး အနွယ်ဝင်များ၏ ဆန္ဒပြပွဲများအတွင်း ဆန္ဒပြ သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အဓိ ကရုဏ်းများ ဖြစ်ပွားမှုကြောင့် ခြောက်ဦး ထက်မနည်းသေဆုံးရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၃ ရက်တွင် သတင်း ထုတ်ပြန်သည်။
အိန္ဒိယနိုင်ငံ၏ ဇာတ်အမျိုးအနွယ် သတ် မှတ်သော စနစ်တွင် အောက်ဆုံးလူတန်းစား အလွှာဖြစ်သော ဒါလစ်မျိုးနွယ်များက တရား ရုံးချုပ်၏ အမိန့်တစ်ရပ်ကို ကန့်ကွက်ကြရာမှ နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ သည်။
ဒါလစ်အမျိုးအနွယ်များအား ကာကွယ် စောင့်ရှောက်ပေးထားသော အထူးဥပဒေ တစ်ရပ်ပါ စည်းမျဉ်းအချို့ကို တရားရုံးချုပ်က ပယ်ဖျက်ပေးခဲ့ခြင်းအတွက် ဒေါသထွက်နေ သော ဆန္ဒပြသူများက ဘတ်စ်ကားများနှင့် အစိုးရဌာန အဆောက်အအုံများကို မီးရှို့ ဖျက်ဆီးခြင်း၊ ရထားလမ်းများကို ပိတ်ဆို့ထား ခြင်း၊ အဝေးပြေးလမ်းများကို ပိတ်ဆို့ထားခြင်း တို့ ပြုလုပ်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။
ဆန္ဒပြပွဲများအတွင်း အဓိကရုဏ်းများ ဖြစ်ပွားမှုကြောင့် မာဒယာပရာဒေ့ရှ် ပြည် နယ်တွင် လေးဦး၊ ဥတာပရာဒေ့ရှ်ပြည်နယ်တွင် တစ်ဦးနှင့် ရာဂျာစသန်ပြည်နယ်တွင် တစ်ဦး သေဆုံးခဲ့ရကြောင်း၊ ယခုအခါ မငြိမ်မသက် ဖြစ်မှုများကို လုံခြုံရေးတပ်ဖွဲ့များက ထိန်းချုပ် ထားနိုင်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့ဝင် ၃ဝ ခန့် နှင့် ဆန္ဒပြသူ ၃ဝ မှ ၃၅ ဦးခန့်အထိ ထိခိုက် ဒဏ်ရာရရှိကြောင်း ဥတာပရာဒေ့ရှ်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးက ပြောကြားသည်။
ရာဂျာစသန်ပြည်နယ် အယ်လ်ဝါမြို့၌ အဓိကရုဏ်းများဖြစ်ပွားစဉ် လူနှစ်ဦးမှ သုံးဦး အထိ သေနတ်ကျည်ထိမှန်ခံခဲ့ရပြီး လူ ၂ဝ ခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
မြို့တော်နယူးဒေလီ၊ ပန်ဂျပ်ပြည်နယ်နှင့် ဘီဟာပြည်နယ်တို့တွင်လည်း မငြိမ်မသက် မှုများဖြစ်ပွားခဲ့သည်။
ခွဲခြားဆက်ဆံခံနေရသော ဇာတ်နိမ့် များအား ကာကွယ်စောင့်ရှောက်ပေးသည့် အထူးဥပဒေတစ်ရပ်အရ ဇာတ်နိမ့်များဘက်မှ ကာကွယ်ပေးသော စည်းမျဉ်းအချို့ကို တရား ရုံးချုပ်က ပြန်လည်ဖျက်သိမ်းပေးလိုက်ခြင်း သည် ဇာတ်နိမ့်များအား ခွဲခြားဆက်ဆံမှု ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု ဒါလစ်ခေါင်း ဆောင်များက ပြောကြားခဲ့ကြသည်။ ဇာတ် နိမ့်များအား ဇာတ်မြင့်သူများက လက်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ပါက ပြစ်မှုကျူးလွန် သူများအား ခြွင်းချက်မရှိဖမ်းဆီးခြင်းကို ပိတ်ပင် ရန် တရားရုံးချုပ်က ညွှန်ကြားခဲ့သည်ဆို၏။
ပြီးခဲ့သည့် ရက်သတ္တပတ်က ဂူဂျာရတ် ပြည်နယ်၌ ဇာတ်နိမ့် ဒါလစ်လူငယ်တစ်ဦးကို ဇာတ်မြင့်သူများက သေဆုံးသည်အထိ ရိုက် နှက်ခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့သည်။ အဆို ပါ ဒါလစ်လူငယ်လေးသည် ကြွယ်ဝချမ်းသာမှု ၏ပြယုဂ်အဖြစ် မြင်းတစ်ကောင်ပိုင်ဆိုင်မှုကို အကြောင်းပြု၍ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။
အေအက်ဖ်ပီ

No comments:

Post a Comment