Wednesday, April 4, 2018

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

Image may contain: 3 people, people standing, wedding and outdoor
နေပြည်တော် ဧပြီ ၃
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရ ဝန်ကြီးများအား တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက် သွားရေးနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လက်ရှိတွင် ဆောင်ရွက်လျက်ရှိသော သူဌေးချောင်း ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေး ဆောင်ရွက်နေမှု အခြေအနေ၊ လေးမြို့လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မောင်တောမြို့နယ်အတွင်းရှိ ကြိမ် ချောင်းကျေးရွာအနီး ပတ်ဝန်းကျင် ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင် မည့်အခြေအနေ၊ မဒဲကျွန်းတွင် ဓာတ်အားရရှိရေးအတွက် ၆၆ ကေဗွီ ကျောက်ဖြူ-မဒဲဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်နေမှု အခြေအနေနှင့် ဓာတ်အားစနစ် မရောက်ရှိသေးသည့် မာန်အောင်ကျွန်း တွင် လျှပ်စစ်ဓာတ်အားပေးနိုင်ရေး အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ဆောင်ရွက်ပေးနိုင်မှု အခြေ အနေတို့နှင့် ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေများကို မေးမြန်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ တွင် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ ခရိုင်အလိုက် မီးသုံးစွဲသူဦးရေ၊ ၆၆/၁၁ ကေဗွီနှင့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ အသုံးပြုလျက်ရှိ သော ဝန်အားအခြေအနေ၊ ဓာတ်အား ပျောက်ဆုံးမှု လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာက ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုအခြေ အနေများနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ အပေါ် လမ်းညွှန်မှာကြားခဲ့ပြီး ဘူးသီး တောင်နှင့် မောင်တောဒေသတို့တွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ သောအရာထမ်း၊ အမှုထမ်း ၁၉ ဦးတို့ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေလေဆိပ်ရှိ မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းနှင့် National Energy Puma Aviation Servicesတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက် ရှိသော လေယာဉ်ဆီဖြန့်ဖြူးရေးဌာန ခွဲသို့ ရောက်ရှိပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ယင်းနောက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ စစ်တွေမြို့ ၆၆/၁၁ ကေဗွီ၊ ၂ဝ အမ်ဗွီအေ ဓာတ်အား ခွဲရုံသို့ရောက်ရှိပြီး ဓာတ်အားခွဲရုံSwitch Yardအတွင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment