Wednesday, April 4, 2018

မက္ကဆီကို၌ ထောင်တွင်းဆူပူမှုဖြစ်ပွား ရဲသားများ အပါအဝင် ခုနစ်ဦးသေဆုံး

Image may contain: one or more people, people standing and outdoor
မက္ကဆီကို စီးတီး ဧပြီ ၃
မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း ဗာရာခရုဇ်ပြည်နယ်တွင် ထောင်တွင်း ဆူပူမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးအပါအဝင် လူပေါင်း ခုနစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဧပြီ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။
အကျဉ်းထောင် ဆူပူမှုဖြစ်ပွားခဲ့သော လာတိုမာအကျဉ်းထောင်၌ အကျဉ်းသား ၁၃ဝဝဝ ခန့်က အကျဉ်းထောင်ညွှန်ကြားရေးမှူးနှင့် အကျဉ်းထောင်လုံခြုံရေးမှူးတို့အား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုကြရာမှ မတ် ၃၁ ရက် ည ၁ဝ နာရီတွင် ထောင်ဆူမှု စတင် ဖြစ်ပွားခဲ့သည်။
တားဆီးခဲ့
ဗာရာခရုဇ်ပြည်နယ် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အကျဉ်း ထောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ကြသည်။ အကျဉ်းသားများက ခေါင်းအုံးများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အကျဉ်းသားများ သည် ရဲတပ်ဖွဲ့ဝင်များကို ကိရိယာ တန်ဆာပလာများဖြင့် တိုက်ခိုက်ခဲ့ကြသည်ဟု သတင်းများ ပေါ်ထွက်ခဲ့သော်လည်း ရဲတပ်ဖွဲ့များ သေဆုံးမှုသည် အသက်ရှူမွန်းကျပ်မှုကြောင့် ဖြစ်ကြောင်း ရှေ့နေချုပ်ရုံးက ပြောကြားသည်။ ပဋိပက္ခအတွင်း အကျဉ်းသား ၁ဝ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထောင်တွင်းဆူပူမှုကို ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ အကျဉ်းထောင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းထားကာ အကျဉ်း သားများ၏ မိသားစုဝင်များ ထောင်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိစေရန် တားဆီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆင်ဟွာ

No comments:

Post a Comment