Sunday, April 29, 2018

ချင်းပြည်နယ်ဝန်ကြီးချုပ် ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

Image may contain: 5 people, people standing, child, outdoor and nature
ဟားခါး ဧပြီ ၂၈
ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်သည် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဆလိုင်းရီယာန်ဗဲလင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရာလ်နှင်း၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၅ ရက် နံနက်ပိုင်းက ဖလမ်းမြို့နယ်အတွင်းရှိ တလပ်လွန်း-ခဲင်ကန်-ခေါရွာ-ကျဲရ်မွန်ရွာချင်းဆက် လမ်းသစ်ဖောက် လုပ်ခြင်းလုပ်ငန်း၊ ပေ ၅ဝ ချောင်းကူးတံတားဆောက်လုပ် မည့်နေရာနှင့် ကျေးရွာရေရရှိရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်း တွင် ဖလမ်းမြို့နယ် သီးကျေရ်ကျေးရွာနှင့် မွန်လွှာကျေးရွာ တို့တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူ များက ပညာရေး၊ ကျန်းမာရေး၊ မီးရရှိရေးနှင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် က တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment