Sunday, April 29, 2018

ကပ္ပလီပင်လယ်ထဲရှိ ကိုင်းသောင်ကျွန်းတွင် ငါးသလောက်ရှားပါးလာ

Image may contain: one or more people, people standing and outdoor
လပွတ္တာ ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ် ကိုင်းသောင်ကျွန်းတွင် ရေ လုပ်ငန်း လုပ်ကိုင်စားသောက်သူ ပေါများပြီး ယခုနှစ်တွင် ငါးသလောက် တွေရှားပါးလာတာကြောင့် ဝင်ငွေ လျော့နည်းသွားပြီး စားဝတ်နေရေး ပါ ကျပ်တည်းလာကြတယ်လို့ သိ ရပါတယ်။ ငါးသလောက်ငါးတွေ၊ ငါးမုတ်ငါးတွေဟာ တော်တော်ရှားပါး သွားပါတယ်။ ရှားပါးရတဲ့အကြောင်း အရင်းကတော့ နည်းပညာတွေကို အသုံးပြုလာတာကြောင့်လို့ ပြောပါ တယ်။ ငါးဖမ်းစက်လှေအကြီးစားတွေ က အထောက်အကူပြု စက်ကိရိယာ တွေကိုအသုံးပြုကြတယ်။ ရေအောက် မှာ ငါးတွေကို လှမ်းမြင်နိုင်တယ်။ ငါးသလောက်လား၊ ငါးမုတ်လား၊ ဆိုတာ သိရှိရပြီး ငါးအုပ်ဘယ်လောက် များတယ်ဆိုတာ ကြိုတင်သိရကာ အတိအကျ ဖမ်းလို့ရကြတယ်လို့ပြော ပါတယ်။
တစ်နိုင်တစ်ပိုင် ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်နေ ကြတဲ့ ပိုက်လှေတွေကတော့ ၁၅ သိန်းကျော်ပေးဝယ်ရတဲ့ ငါးဖမ်း အထောက်အကူပြု စက်ကိရိယာကို မဝယ်နိုင်ဘူး။ ဒါကြောင့်မို့ ငါးတွေ ဟာ တစ်နိုင်တစ်ပိုင် ဖမ်းတဲ့ဘက်တွေ ကို မကျော်ဖြတ်နိုင်တော့ပါဘူး။ ကံပဲပုံချပြီး ငါးဖမ်းကြရတာကြောင့် အခုနောက်ပိုင်း မရတာကများတယ်။စားဝတ်နေရေး ကျပ်တည်းလာတာ ကြောင့် လူငယ်တွေတော်တော်များ များ မြို့တက်ပြီး အလုပ်လုပ်ကြရတယ် လို့ သိရပါတယ်။ ကိုင်းသောင်ကျွန်း ဟာ လပွတ္တာမြို့ တောင်ဘက် ကပ္ပလီပင်လယ်ထဲတွင် တည်ရှိပြီး ဧရိယာအကျယ် ၂၂ ဧကခွဲ ကမ်းနား ပတ်လမ်း တစ်လမ်း၊ လမ်းကြီးအဖြစ် အင်ကြင်းလမ်းနဲ့ ပိတောက်လမ်း နှစ်လမ်း၊ လမ်းသွယ် ၁၆ လမ်း၊ အိမ်ခြေ ၇၂ဝ၊ အိမ်ထောင်စု ၇၃၅၊ လူဦးရေ ၃၂ဝ၄ ဦးနေထိုင်ကြပြီး အများစုမှာ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြ ပါတယ်။
မောင်ချစ်ဦး(ပန်းတနော်)

No comments:

Post a Comment