Sunday, April 29, 2018

ငါ့သရောက်မြို့နယ်တွင် နွားစာရှားပါးသည့်အတွက် ထန်းသီးနှင့်ထန်းနို့များ ကျွေးနေရ

Image may contain: one or more people, tree, outdoor and nature
ငါ့သရောက် ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦး ခရိုင် ငါ့သရောက်မြို့နယ်အတွင်းရှိ ကျေးလက်အချို့မှ တောင်သူများ သည် မိမိတို့မွေးမြူထားသည့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် နှစ်စဉ် အစာအခက်အခဲများနှင့် ရင်ဆိုင်နေ ရကြောင်း သိရသည်။
''ကျွန်တော်တို့ ငါ့သရောက်မြို့နယ် မှာ အိမ်မွေးတိရစ္ဆာန်တွေ နွေအခါ ဆိုရင် မြက်အစိုမစားရပါဘူး၊ မိုးတွင်း မှာလောက်သာ မြက်အစိုစားရပြီး နွေရာသီရောက်တိုင်း တမာရွက်၊ ထနောင်းရွက်နှင့် ထန်းသီး၊ ထန်းခိုင် (ထန်းနို့)တွေ စဉ်းကျွေးရပါတယ်၊ အချို့တောင်သူတွေက မြေပဲရိုး၊ ပဲစင်းငုံမှော်တွေကို နွားစာကျီတွေနဲ့ လှောင်ထားပြီး နွေရာသီရောက်ရင် ထန်းသီး၊ ထန်းနို့တွေ စဉ်း၍ ရောကျွေးကြရပါတယ်''ဟု စက်စက်ယို ကျေးရွာနေတောင်သူ ဦးကျော်ဖြန်းက ပြောသည်။
''ငါ့သရောက်မြို့နယ်ရှိ ကျေးရွာ တွေမှာ နွေရာသီရောက်တိုင်း နွေရာသီ မြက်အစိုစားရတဲ့ အိမ်မွေး တိရစ္ဆာန်ဆိုတာ မရှိသလောက်ပါဘဲ၊ လွှတ်ကျောင်းတဲ့ နွား၊ ဆိတ်တွေလည်း မြက်အစိုစားရဖို့ဆိုတာ မရှိသလောက် ပါဘဲ၊ ထန်းပင်သည် ကျောက်ပန်း တောင်း၊ ပုဂံညောင်ဦး၊ ငါ့သရောက် ဒေသတွေမှာ နွေရာသီအတွက် အင်မတန်ကို အသုံးဝင်တဲ့ အပင်တွေ ဖြစ်တယ်၊ ထန်းသီးတစ်မျိုးထဲမှာ ထန်းသီးအသား၊ ထန်းသီးအဆန်၊ ထန်းသီး အဆန်အရင့်ထိအောင် ကျွဲ၊ နွားတွေ ကျွေးလို့ရပါတယ်၊ ထန်းသီး ဆန် အရင့်တွေကိုခွဲပြီး အပုပ်စိမ် ကျွေးရင် ကျွဲ၊ နွား တိရစ္ဆာန်တွေ အလွန်ကြိုက်ကြတယ်'' ဟု ညောင်ဦး မြို့နယ် ကတောကျေးရွာနေ တောင်သူ ဦးမင်းညိုက ပြောသည်။
ကိုထိန်(ငါ့သရောက်)

No comments:

Post a Comment