Monday, April 30, 2018

နဝမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများ အင်းလေးအပန်းဖြေစခန်းသို့ ရောက်ရှိ

Image may contain: 3 people, crowd and outdoor
ညောင်ရွှေ ဧပြီ ၂၉
၂ဝ၁၈ ခုနှစ် နဝမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ များသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးစုရပ်မှ ထွက်ခွာ ကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးခေါင်တိုင်လူရည်ချွန်အပန်းဖြေစခန်းသို့ ညနေ ၄ နာရီတွင် ရောက်ရှိကြသည်။
အင်းလေးခေါင်တိုင်အပန်းဖြေစခန်း စခန်းမှူး ဦးသန်းအေး ဦးဆောင်သော နဝမတန်းလူရည်ချွန် ကျောင်းသားကျောင်းသူ ၁၇၆ ဦးနှင့် ကြီးကြပ်သူ ဆရာ ဆရာမ ၁၈ ဦး စုစုပေါင်း ၁၉၅ ဦးပါဝင်သည့်အဖွဲ့အား ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဘင်ခရာ အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့နှင့် ဒေသခံတိုင်းရင်းသား လူမျိုး ပေါင်းစုံတို့က ပန်းစည်းပန်းကုံးများဖြင့် ကြိုဆိုကြပြီး ရှမ်းရိုးရာ အက၊ အင်းရိုးရာအကများဖြင် ကပြဖျော်ဖြေကာ တည်းခိုရာ နေရာအရောက် လမ်းဘေးဝဲယာတွင် သောင်းသောင်း ဖြဖြ ကြိုဆိုခဲ့ကြသည်။
ထို့ပြင် အင်းလေးခေါင်တိုင်အပန်းဖြေစခန်းသို့ လာရောက်ကြသည့် နဝမတန်း လူရည်ချွန်ကျောင်းသားကျောင်းသူများ မန္တလေးမှ အင်းလေးခေါင်တိုင်အရောက် လမ်းတစ်လျှောက်ဖြတ်သန်းလာသည့် ကလောမြို့နှင့် တောင်လေးလုံးတို့တွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံများက ပန်းစည်း များကမ်းခြင်း၊ ပန်းကုံးများစွပ်ခြင်းတို့ဖြင့် ကြိုဆိုခဲ့ကြ သည်။
နိုင်လင်းကြည်

No comments:

Post a Comment