Sunday, April 29, 2018

ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို တစ်ပြိုင်တည်းဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့

Image may contain: 1 person, closeup
ရှင်မင်း
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မှုရရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှ ဒေသအေးချမ်းသာယာမည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြိုင်တည်း အလေးပေးဆောင်ရွက် လျက်ရှိသည်။
''ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်နှစ်ခုကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေပါတယ်။ တည်ငြိမ်အေးချမ်းမှု ကို ဆောင်ရွက်တဲ့အခါ အားလုံးသိတဲ့အတိုင်း ၂ဝ၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခတွေကြောင့် မတည်မငြိမ် ဖြစ်ခဲ့ တယ်။ ဒါကို တည်ငြိမ်အောင် ကြိုးစားဆောင် ရွက်ခဲ့ရတယ်။ ဒါကြောင့် တည်ငြိမ်အေးချမ်း ရေးကို ဦးစားပေးဆောင်ရွက်ရတာဖြစ်ပါ တယ်။
ဖွံ့ဖြိုးတိုးတက်မှုကို အဓိကဦးစားပေး
''ကျွန်တော်တို့ ရခိုင်ပြည်နယ်က ပဋိပက္ခ တွေ၊ သွားလာရေးခက်ခဲမှု၊ နယ်မြေဒေသ အခြေအနေတွေကြောင့်မို့ ဖွံ့ဖြိုးမှုက မြန်မာ နိုင်ငံမှာ ဒုတိယအနိမ့်ဆုံးအဖြစ် ရောက်ခဲ့ တယ်။ ဒါကြောင့်မို့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက ဦးစားပေးတစ်ခုအနေနဲ့ ဆောင်ရွက်တယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့ တာဝန် စတင်ထမ်းဆောင်ကတည်းက တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးစားပေး ဆောင်ရွက်တာဖြစ်ပါတယ်''ဟု ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ် များကြောင့် နေရပ်စွန့်ခွာသွားသူများအား စနစ်တကျ ပြန်လည်လက်ခံရေးလုပ်ငန်းများ ကို ဒုတိယ (၁)နှစ်တာအတွင်း ဆောင်ရွက်ခဲ့ပြီး မောင်တောဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း- UEHRD သည် ပြည်နယ်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အကြံပေးကော်မရှင်အဖွဲ့ ဖွဲ့စည်း
''ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နဲ့ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီး ဆောင်ရွက်နေ တယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပြည်တွင်း နဲ့သာမက ပြည်ပနဲ့ပါ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ကိုလည်း ဖွဲ့စည်း ပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့်မို့ အကြမ်းဖက်ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အချက် အလက်အမှန်တွေကိုလည်း ဖော်ထုတ်ပေး နိုင်ပါတယ်။ ပဋိပက္ခဖြစ်စဉ်တွေအပေါ်မှာ ပြန်လည်ပြီးတော့ လက်ခံရေး၊ ပြန်လည် ထူထောင်ရေး၊ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။ နောက်တစ်ခုက UEHRD ကိုလည်း ဖွဲ့စည်း ပြီး ဆောင်ရွက်လျက်ရှိပါတယ်''ဟု ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။
သယံဇာတပေါကြွယ်
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်း ပြည်နယ်တစ်ခု ဖြစ်ပြီး ခရိုင် ငါးခရိုင်၊ မြို့နယ် ၁၇ မြို့နယ်၊ မြို့ကိုးမြို့ဖြင့် ဖွဲ့စည်းထားကာ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၄၂ဝဝ ဒသမ ဝ၈ မိုင် ကျယ်ဝန်းသည်။ ရခိုင်ပြည်နယ်သည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝ သယံဇာတပြေါ<ွကယ်ဝပြီး လှပသည့် ပင်လယ် ကမ်းခြေများကို ပိုင်ဆိုင်ထားသည့် ဒေသ တစ်ခုဖြစ်သည်။
သို့သော် ပြည်နယ်အတွင်း မောင်တော ဒေသ ဖြစ်စဉ်များကြောင့် အခြားတိုင်းဒေသ ကြီး၊ ပြည်နယ်များကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေး တစ်ခုတည်းကို ဦးတည်၍မရဘဲ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ယှဉ်တွဲ ဆောင်ရွက်နေရသည်။
ပူးပေါင်းမှု အားနည်းနေ
''ပြည်နယ်အစိုးရအနေနဲ့ ဖြေရှင်းဆောင် ရွက်နေတဲ့ ကိစ္စတွေများတယ်။ ဖွံ့ဖြိုးတိုးတက် ရေးကိုချည်း ဦးစားပေးလုပ်လို့ မရဘူး။ ပြည်တွင်းပြည်ပက ဧည့်သည်တွေကလည်း ကျွန်တော်တို့ ပြည်နယ်ကို လာနေတဲ့အတွက် လည်း ပြည်နယ်အစိုးအနေနဲ့ လိုက်လံပြသ နေရတယ်။ ထင်သလောက် ခရီးမပေါက်ဘူး။ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒေသခံ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းမှု အားနည်း နေသေးတယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင် မိပါတယ်''ဟု ဒေသခံ ဦးကိုကိုလေးက ¤င်း၏ အမြင်ကို ပြောသည်။
အလားတူ စာရေးဆရာမ ခိုင်နှင်းစံက ''ပြည်နယ်အစိုးရအနေနဲ့ အခု ဘူးသီးတောင်၊ မောင်တောကို ဦးစားပေးနေရတယ်။ တခြား နေရာတွေက တည်ငြိမ်အေးချမ်းတယ်။ အဲဒီနေရာတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတယ်။ ဖွံ့ဖြိုးတိုးတက်လာမယ် လို့လည်း ခံယူတယ်။ ဒါပေမယ့် ဒီခေတ်က အားလုံးအလုပ်လုပ်မှ စီးပွားရေးအဆင်ပြေတဲ့ ခေတ်ဖြစ်တဲ့အတွက် ပြည်နယ်ထဲက လူငယ် အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးစေချင်တယ်။ ဆယ်တန်း အောင်သည် ဖြစ်စေ၊ မအောင်သည် ဖြစ်စေ၊ ဘွဲ့ရရ၊ မရရ ထိုက်တန်တဲ့ အလုပ်လေးတွေ နဲ့ အဆင်ပြေစေချင်တယ်''ဟု အကြံပြုသည်။
နောက်ကျကျန်ခဲ့
''အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် မတည်ငြိမ်မှုတွေ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ် ခဲ့တယ်။ ဒီအတွက်IDP Campတွေ ဖြစ်ပေါ် လာတယ်။ ဒါတွေက ရခိုင်ပြည်နယ်အတွက် ကြီးလေးတဲ့ တာဝန်တွေပါ။ စိန်ခေါ်မှုတွေ အများကြီးပါ။ သဘာဝဘေးအန္တရာယ်တွေ ကြောင့်၊ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဖြစ်ပေါ် လာတဲ့ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ ဖွံ့ဖြိုးတိုးတက်ရေးကို တာထွက်တာနဲ့ စပြီး မလုပ်နိုင်ဘူး။ တခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေက ဖွံ့ဖြိုးတိုးတက်ရေးကို သွားနေပေမယ့် ကျွန်တော်တို့မှာ တည်ငြိမ် ရေးကိုလည်း ဆောင်ရွက်နေရတဲ့အတွက် ဖွံ့ဖြိုးတိုးတက်ရေးကလည်း အတိုင်းအတာ တစ်ခုအထိ နောက်ကျကျန်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် တိုးတက်ဖို့အတွက် တတ်အားသမျှ ကြိုးစား ဆောင်ရွက်သွားမှာပါ''ဟု ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့ တာဝန်ယူဆောင်ရွက်သည့် နှစ်နှစ်တာကာလ အတွင်း မြေပုံမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ မာန်အောင်မြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေ မြို့နယ်၊ ပေါက်တောမြို့နယ်၊ ကျောက်ဖြူ မြို့နယ်နှင့် ရမ်းဗြဲမြို့နယ်များတွင် သဘာဝ ဘေးအန္တရာယ်ကာကွယ်နိုင်ရန် Cyclone Shelter၁၄ လုံးကို အသစ်တည်ဆောက် ပေးနိုင်ခဲ့သည်။
ဘတ်ဂျက်အသုံးစရိတ်
''ရခိုင်ပြည်နယ်ရဲ့ ဘတ်ဂျက်အသုံးစရိတ် အနေနဲ့ သာမန်နဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ကို ပြောမယ်ဆိုရင် ၂ဝ၁၅-၂ဝ၁၆ မှာ ၁၄၄ ဒသမ ၆ ဘီလီယံကျော် သုံးစွဲနိုင်ပါတယ်။ ၂ဝ၁၆-၂ဝ၁၇ မှာ ၁၅၆ ဒသမ ၃၅ ဘီလီယံ တိုးတက်သုံးစွဲလာနိုင်ပါတယ်။ ၂ဝ၁၇-၂ဝ၁၈ မှာ ၁၉၃ ဒသမ ဝ၉ဝ ဘီလီယံအထိ ထပ်မံ တိုးတက်သုံးစွဲလာနိုင်ပါတယ်''ဟု ဝန်ကြီးချုပ် က ပြောသည်။
ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်း
ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ် တိုးတက်ရေးအတွက် ဘတ်ဂျက်တိုးမြှင့် သုံးစွဲကာ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီး ရရှိရေး စသဖြင့် ကဏ္ဍတိုင်း ဖွံ့ဖြိုးတိုးတက် ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပြည်နယ်အတွင်း ပညာရေးကဏ္ဍ ဆောင်ရွက်မှုအပေါ် ''ပညာရေးကဏ္ဍမှာ ဆိုရင် စစ်တွေတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ တောင်ကုတ် မှာဆိုရင် ကောလိပ်ကို ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ကျောင်းတွေ ထပ်မံတည်ဆောက်
''အခြေခံပညာအဆင့်မှာလည်း ကျောင်း တွေ ထပ်မံတည်ဆောက်တယ်၊ ပြုပြင်ပြင်ဆင် မွမ်းမံတယ်။ အထက်တန်းကျောင်း ၂၁ ကျောင်း၊ အလယ်တန်းကျောင်း ၇၂ ကျောင်း၊ မူလတန်း လွန်ကျောင်း ၁၄ ကျောင်း တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ပါတယ်''ဟု ဝန်ကြီးချုပ်က ပြောသည်။
''ကျန်းမာရေးကဏ္ဍအနေနဲ့ စစ်တွေ မြို့နယ် ပြည်သူ့ဆေးရုံမှာ ခုတင် (၂ဝဝ) ဆံ့ ဆေးရုံကနေ ခုတင် (၅ဝဝ) ဆံ့ ဆေးရုံအဖြစ် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့တယ်။ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကို ခုတင် (၁ဝဝ) ဆံ့ကနေ (၂ဝဝ) ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့တယ်။ ပြည်နယ်အတွင်းက (၂၅) ခုတင်ဆံ့ ပြည်သူ့ဆေးရုံ ခြောက်ရုံကို ခုတင် (၅ဝ) ဆံ့ ဆေးရုံတွေအဖြစ် တိုးမြှင့် နိုင်ခဲ့ပါတယ်။
ဆေးရုံ ၁၁ ရုံ အသစ်ဖွင့်
''ဒါ့အပြင် (၁၆) ခုတင်ဆံ့ တိုက်နယ် ဆေးရုံ ၁၁ ရုံကိုလည်း အသစ်ဖွင့်လှစ်နိုင် ခဲ့ပါတယ်။ မြောင်းဘွေ တိုက်နယ်ဆေးရုံ ကိုလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ လှူဒါန်း ထောက်ပံ့မှုနဲ့ နိုင်ငံတကာအဆင့်မီ တည် ဆောက်ဖွင့်လှစ်ခဲ့ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ သားဖွားဆရာမ ၁၃၆ ဦးကို ခန့်ထားပေး နိုင်ခဲ့ပါတယ်''ဟု ဆက်လက်ပြောကြားသည်။
လမ်းပန်းဆက်သွယ်မှု
ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေးသည် အဓိက ကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ပြည်ထောင်စုနှင့် ပြည်နယ်ခွင့်ပြုရန်ငွေ ကျပ် ၆၁၂၂၂ ဒသမ ၉၂၅ သန်းဖြင့် ကွန်ကရစ်လမ်း ၄၉/၄ မိုင်၊ အမာခံလမ်း ၄/၁ မိုင်၊ ကျောက်စီမြေထိန်းနံရံ ပေ ၂၂၅၆ဝ၊ ပေ ၁၈ဝ အထက် တံတား ၁၂ စင်း၊ ပေ ၁၈ဝ အောက် တံတား ၁၆၆ စင်းကို ဆောင်ရွက် ခဲ့သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှ မောင်တော မြို့သို့ ကားဖြင့် တိုက်ရိုက်သွားလာနိုင်ရန် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင် လမ်းနှင့် လမ်းပေါ်ရှိ ပေ ၁၈ဝ အထက် တံတား ငါးစင်းကို ၁-၄-၂ဝ၁၈ ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့သည်။
လမ်းအဆင့်မြှင့်တင်
ပြည်နယ်အစိုးရအနေဖြင့် လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရပြီး မေယုတောင်ကျော်လမ်းများဖြစ်သည့် ကျောက်ပန္ဒူ-အင်းဒင်-စေတီပြင်လမ်းနှင့် ကြိမ်ချောင်း-ဂုပ္ပိတောင်ကျော်လမ်းများကို လည်း ဖောက်လုပ်လျက်ရှိသည်။
မေယုတောင်တန်း အရှေ့ဘက်ရှိ ဘူးသီး တောင်-အငူမော်လမ်းနှင့် မေယုတောင်တန်း အနောက်ဘက်ရှိ မောင်တော-အလယ် သံကျော်-အငူမော်လမ်းများကို ဖောက်လုပ် လျက်ရှိပြီး အဆိုပါလမ်းများ ပြီးစီးသွားပါက ပြည်နယ်အတွင်း အကောင်အထည်ဖော် နေသည့် ကညင်ချောင်း စီးပွားရေးဇုန်ကို အထောက်အပံ့ပေးနိုင်တော့မည်ဖြစ်သည်။
လျှပ်စစ်ဓာတ်အား
ပြည်နယ်အစိုးရအနေဖြင့် လျှပ်စစ် ဓာတ်အား တိုးတက်ကောင်းမွန်ရေးကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ် ဇွန်လတွင် ဘူးသီးတောင်မြို့နှင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် မောင်တာမြို့ကို ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးနိုင်ရန် စီမံဆောင်ရွက် လျက်ရှိသည်။
ဓာတ်အားပို့လွှတ်နိုင်
''လျှပ်စစ်ဓာတ်အားရရှိရေးကဏ္ဍမှာ မအီ ဓာတ်အားခွဲစက်ရုံကို ၁၂-၂-၂ဝ၁၇ နေ့မှာ ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါတယ်။ မင်းပြား ဓာတ်အားခွဲစက်ရုံကို ၁၉-၂-၂ဝ၁၇ ရက်နေ့ မှာ ဖွင့်လှစ်နိုင်ခဲ့တယ်။ ဂွမြို့နယ် ဓာတ်အား ခွဲရုံကို ၃-၆-၂ဝ၁၇ ရက်နေ့မှာ ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပါတယ်။ ပေါက်တောမြို့နယ် ဓာတ်အားခွဲရုံကို ၂-၁ဝ-၂ဝ၁၇ ရက်နေ့မှာ ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါတယ်။ မြေပုံမြို့နယ် ဓာတ်အားခွဲရုံကို ၁-၁ဝ-၂ဝ၁၇ ရက်နေ့မှာ ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပါတယ်။ တပ်တောင် ဓာတ်အားခွဲရုံကို ၁-၁၂-၂ဝ၁၇ ရက်နေ့မှာ ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါတယ်။ ကမ်းဒေါင့်ကြီး ဓာတ်အားခွဲရုံကို ၁-၁၂-၂ဝ၁၇ ရက်နေ့မှာ ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါတယ်။ အခုနောက်ဆုံး ၂၆-၃-၂ဝ၁၈ ရက်နေ့မှာ ရသေ့တောင် ဓာတ်အားခွဲရုံကို ဖွင့်လှစ်ထားတယ်။ ဆက်လက်ပြီး မောင်တောဒေသကို ဓာတ်အား ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်။ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးနိုင်အောင်လို့ပါ။ ဘူးသီး တောင်မြို့နယ် ဓာတ်အားခွဲရုံ တည်ဆောက် တဲ့ လုပ်ငန်းကတော့ ၁၈ ဒသမ ၉၆ ရာခိုင်နှုန်း ပြီးနေပါပြီ။ မောင်တောမှာဆို ဓာတ်အားခွဲရုံ တည်ဆောက်မှုက ၃ ဒသမ ၁၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ် ဇွန်လ ကုန်မှာ ဘူးသီးတောင်၊ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ မှာေ
မာင်တောကို ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဝေနိုင်တော့မှာ ဖြစ်ပါတယ်''ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
မူးယစ်ဆေးဝါး
''ပြည်နယ်အစိုးရအနေနဲ့ အလေးထား ဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခုလည်း ရှိပါ တယ်၊ ဒါက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ ဖြစ်ပါတယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကြိုးပမ်းပြီး ဖမ်းဆီးဆောင်ရွက်ခဲ့တဲ့အတွက်WYဆေးပြား ၃၅ သန်းကျော် သိမ်းဆည်းရမိပါတယ်၊ ဒီဖြစ်စဉ်တွေအတွက် တရားခံ ၃၉၉ ဦးကို လည်း ဖမ်းဆီးရမိပါတယ်၊ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လျော့ပါးကင်းစင်အောင်လည်း အစိုးရအဖွဲ့အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွား မှာ ဖြစ်ပါတယ်''ဟု ဆက်လက်ပြောကြားသည်။
မြစိမ်းရောင်စီမံကိန်း
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြစိမ်းရောင်စီမံကိန်းကို ပြည်နယ် အတွင်း အကောင်အထည်ဖော်လျက် ရှိသည်။
''စိုက်ပျိုးရေးကဏ္ဍအနေနဲ့ စပါးစိုက်ပျိုး ဖို့ ဧကပေါင်း ၂ဝဝ၁၂ ဧကကို ဖော်ထုတ် စိုက်ပျိုးနိုင်ခဲ့တယ်၊ မြေလွတ်မြေလပ် လုပ်ပိုင် ခွင့်ကိုလည်း တောင်သူ ၂၂၂ ဦးကို ၁၃၄၁ ဧကအထိ ခွင့်ပြုပေးခဲ့ပါတယ်၊ ကျေးရွာ မြေငှားဂရန်တွေ ရရှိဖို့ကို ၄၈၁ ဧက၊ ကျေးရွာ ပေါင်း ၁၇ ရွာကို တိုင်းတာပေးနိုင်ခဲ့ပါတယ်၊ မြို့ ငါးမြို့ကို အကွက်ပေါင်း ၇၂ ကွက်အထိ ရိုက်ပြီးတော့ ဧကပေါင်း ၃၂၇၇ ဧက တိုင်းတာပေးနိုင်ခဲ့ပါတယ်''ဟု ဝန်ကြီးချုပ်က ဆိုသည်။
ပြည်နယ်အစိုးရအနေဖြင့် သိမ်းဆည်း လယ်ယာမြေများနှင့်ပတ်သက်သည့် အမှုတွဲ ၁ဝ၆ တွဲကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
လယ်ယာမြေ
''လယ်ယာမြေနဲ့ အခြားမြေ သိမ်းဆည်း ခံရမှုနဲ့ပတ်သက်ရင် ဗဟိုကို ပေးပို့ထားတဲ့ အမှုတွဲပေါင်းက ၂၇၆ တွဲ ရှိပါတယ်၊ ဒီထဲက ၁ဝ၆ တွဲကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီးတော့ ကျန်တဲ့ ၁၄၆ တွဲကို ဆက်လက် ဖြေရှင်းဆောင်ရွက်ဆဲ ဖြစ်ပါတယ်၊ ဒီထဲက ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အသုံးပြုဖို့ မရှိတော့တဲ့ စွန့်လွှတ်မြေတွေကို ပြန်လည် အပ်နှံတဲ့နေရာမှာ တပ်ရင်းတပ်ဖွဲ့ ၂၈ ခု ကနေ ဧက ၂၄၅၄ ဧကကို ဗဟိုကော်မတီကို ပြန်လည်လွှဲပြီးဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ်က ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ကာ နှစ်နှစ်တာကာလကို ဖြတ်ကျော်ခဲ့ပြီး တာဝန်ထမ်းဆောင်ရန် ကျန်ရှိ နေသေးသည့် သုံးနှစ်တာကာလတွင်လည်း ပြည်နယ်အတွက် အကောင်းဆုံး ပုံဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။ ။

No comments:

Post a Comment