Monday, April 30, 2018

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မောင်တောဒေသအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး

Image may contain: one or more people, people standing and outdoor
စစ်တွေ ဧပြီ ၂၉
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ လုပ်ငန်းအစီအစဉ်များ ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင် မောင်တင်နှင့် ပြည်နယ်ဝန်ကြီးများ သည် ဧပြီ ၂၈ ရက်က မောင်တောမြို့ နယ် ကိုင်းကြီးကျေးရွာ၌ မြိုတိုင်းရင်း သားများအတွက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့က ဆောက်လုပ် လှူဒါန်းသည့် နေအိမ်များ တည် ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ကိုင်းကြီးကျေးရွာ၌ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသည့် အိမ်ရာ ၅၆ လုံးအနက် အလုံး ၄ဝ ပြီးစီးနေပြီဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့က လှူဒါန်း သည့် အိမ်ရာ ၆၄ လုံးအနက် ၁၈ လုံးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ပန်းတောပြင်ကျေးရွာ၌ ဆောက်လုပ်ပြီးစီးသည့် အိမ်ရာများ ပေါ်တွင် အစ္စလာမ်ဘာသာဝင်များ နေထိုင်နေမှုကို ကြည့်ရှုသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက် လာမည့် မိသားစုများ ခေတ္တနေထိုင် မည့် လှဖိုးခေါင်ကြားစခန်း၌ အဆောက်အအုံများ အပြီးသတ်တည် ဆောက်နေမှုနှင့် အိုးထိန်းကျေးရွာ၌ နေအိမ်များတည်ဆောက်နေမှု တို့ကို လိုက်လံကြည့်ရှုသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲ နှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်း တို့တွင် ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်များ အဆင်သင့်ဆောင်ရွက်ထား မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်း- မျိုးမြင့်
ဓာတ်ပုံ-ဟန်လင်းနိုင်

No comments:

Post a Comment