Wednesday, April 4, 2018

မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား လူငယ်နှင့်အလွတ်တန်းအလေးမပြိုင်ပွဲ ဆုပေးပွဲကျင်းပ

Image may contain: 8 people, people standing and indoor
ရန်ကုန် ဧပြီ ၃
၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံအလေးမ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား လူငယ်နှင့် အလွတ်တန်း အမျိုးသား၊ အမျိုးသမီး အလေးမပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဧပြီ ၂ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် အောင်ဆန်း အားကစားပြိုင်ဝင်း မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။
ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ချစ်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးထွန်းမြင့်၊ ဦးမင်းသူထက်၊ ဦးဌေးဝင်း၊ ဦးစန်းမြင့်၊ အတွင်းရေးမှူး ဦးသီဟန်၊ အားကစားနှင့် ကာယ ပညာသိပ္ပံ (ရန်ကုန်) ဒုတိယ ကျောင်းအုပ် ဦးဗလကျော်သူနှင့် တာဝန်ရှိသူတို့က အမျိုးသားလူငယ် အလေးမပြိုင်ပွဲတွင် လူငယ် အကောင်းဆုံး အားကစားသမားဆုရ (၅၆) ကီလိုတန်းမှ မြတ်ကျော်သူ (မြောင်းမြ)၊ အမျိုးသမီး လူငယ် အလေးမပြိုင်ပွဲတွင် လူငယ် အကောင်းဆုံး အားကစားသမားဆုရ (၆၉) ကီလိုတန်းမှ ခိုင်သဇင်သင်း (ရန်ကုန်)၊ အမျိုးသားအလွတ်တန်းအလေးမပြိုင်ပွဲတွင် ၅၆ ကီလိုတန်းမှ သီဟအောင် (ကျန်း/အား) နှင့် အသက် (၁၃)နှစ်မှ (၁၈)နှစ်အထိ ၄၄ ကီလိုတန်းမှ (+၇၅)ကီလိုတန်း အထိ အမျိုးသမီးလူငယ်အလေးမ ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရ အား/ကာသိပ္ပံ(ရန်ကုန်)အသင်းအား လည်းကောင်း၊ အသက် (၁၃)နှစ်မှ (၁၈)နှစ်အထိ (၅၅) ကီလိုတန်းမှ (+၉၄)ကီလိုတန်းအထိ အမျိုးသား လူငယ်အလေးမပြိုင်ပွဲတွင် တံခွန် စိုက်ဆုဖလားရ ပုသိမ်မြို့နယ်အသင်း နှင့် အသက် (၁၉)နှစ်မှ (၃ဝ)နှစ်အထိ (၅၆) ကီလိုတန်းမှ (+၁ဝ၅)ကီလိုတန်း အထိ အမျိုးသားအလွတ်တန်းပြိုင်ပွဲ တွင် အလွတ်တန်း တံခွန်စိုက် ဆုဖလားရ ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ကိုအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။
ယင်းပြိုင်ပွဲတွင် လက်ရွေးစင်များ စံချိန်စမ်းပွဲမှ ဝင်းနိုင်ထွန်း (ကျန်း/ အား)က စုစုပေါင်းစံချိန် ၂၉ဝ ကီလို တန်းကို (၃၂ဝ) ကီလိုဖြင့် မြန်မာပြည် စံချိန်သစ်တင်၍ လည်းကောင်း၊ ရန်မျိုးကျော် (မန္တလေးတိုင်းဒေသကြီး)မှ စုစုပေါင်းစံချိန် (၂၉ဝ) ကီလိုတန်း ကို (၃ဝ၅) ကီလိုဖြင့် မြန်မာပြည် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment