တပ်မတော်နှင့် စိန်လုံရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဧပြီ ၂ ရက် ညနေ ၅ နာရီခန့်က မိုးမောက်မြို့နယ် လွယ်ဂျယ်-ဗန်းမော်ကားလမ်း စိန်လုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဘောက်နော်(ခ)ဘောက်လာ(ခ) အင်ဂေါ့နော်အောင် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၂၈၂ ခွက်(ဘိန်းဖြူအလေးချိန် ၂ ဒသမ ၈၂ ကီလို)၊ ငွေကျပ် ၂၄၅ဝဝဝဝ နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို လည်းကောင်း၊ အလားတူ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဆွတ်ရိန်အောင် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၂၄၆ ခွက်(ဘိန်းဖြူ အလေးချိန် ၂ ဒသမ ၄၆ ကီလို)၊ ငွေကျပ် ၃၆ဝဝဝဝ နှင့် လက်ကိုင်ဖုန်းနှစ်လုံး တို့ကိုလည်းကောင်း စုစုပေါင်းဘိန်းဖြူဆပ်ပြာခွက် ၅၂၈ ခွက် (ဘိန်းဖြူ အလေးချိန် ၅ ဒသမ ၂၈ ကီလို) သိမ်းဆည်းရမိခဲ့သဖြင့် ဘောက်နော်(ခ)ဘောက်လာ (ခ)အင်ဂေါ့နော်အောင်(၆၇)နှစ်နှင့် ဆွတ်ရိန်အောင်(၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment