Wednesday, April 4, 2018

ဝဲကြီးဆည်ရေသောက်စနစ်တွင် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမှု တိုင်းတာစစ်ဆေး

Image may contain: 1 person, standing, walking, mountain, outdoor and nature
ပေါင်းတည် ဧပြီ ၃
နိုင်ငံတော်အစိုးရနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့၏ သဘောတူညီချက်အရ တရားဝင် ဖွံ့ဖြိုးရေး ချေးငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၂)မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဝဲကြီးဆည် ရေသောက်စနစ် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်း၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပထမခြောက်လ အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ပုံမှန် စာရင်းစစ်ဆေးခြင်းနှင့် မြေပြင် မျက်မြင် တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝဲကြီးဆည် ရေသောက်စနစ် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်း များကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ ယခုအခါ စီမံကိန်း လုပ်ငန်းများ အားလုံး၏ ၉ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ သည့် လက်ဝဲတူးမြောင်းမကြီး ရေသောက်စနစ်မှ နွေစပါးဧက ၅၇၂ဝ ကို ရေပေးဝေလျက်ရှိသည့် အပြင် လက်ယာလက်တံမြောင်း အမှတ် (၁)နှင့်(၂)တို့မှ နွေနှမ်းစိုက် ဧက ၅ဝဝ ကိုလည်း ရေပေးဝေလျက် ရှိသည်။ စီမံကိန်းလုပ်ငန်းများကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ပြီး လုပ်ငန်းအားလုံးပြီးစီးသွား ပါက ဆည်ရေသောက်ဧရိယာ ၄ဝ၄၂၈ ဧကအား အပြည့်အဝ ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရ သည်။
မြင့်နိုင် (ပြည်)

No comments:

Post a Comment