Tuesday, April 3, 2018

ဘက်ဟိုးယာဉ် ဘေးအန္တရာယ်ကင်းစွာမောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်

Image may contain: one or more people and people sitting
မုံရွာ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် များအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ဖြင့် ဝယ်ယူဖြန့်ဖြူးပေးမည့် DX75-5B Excavator ဘက်ဟိုးယာဉ်များကို စနစ်တကျပြုပြင်မောင်းနှင်ထိန်းသိမ်း နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ထွန်းနေဝန်းသစ္စာကုမ္ပဏီ လီမိတက်တို့ပူးပေါင်းပြီး မုံရွာမြို့ မုံရွာ ဟိုတယ်ခန်းမ၌ ဧပြီ ၂ ရက် နံနက် ၉ နာရီခွဲမှစတင်ပြီး DX75-5B Excavator ဘေးအန္တရာယ်ကင်းရှင်း ရေး စက်မောင်းနှင်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်းသင်တန်းကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။
''စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၃၇ မြို့နယ်ရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက်DX75-5B Excavator ဘက်ဟိုး ယာဉ် ၃၇ စီးကို ရောင်းချပေးထား ပါတယ်၊ အဲဒီယာဉ်ယန္တရားကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ မောင်းနိုင်ပြီး ထိန်းသိမ်းတတ်တဲ့ နည်းပညာတွေ ရအောင် ဒီစက်တွေကို မောင်းနှင်မယ့် စက်မောင်းသမားတွေအတွက် စက် မောင်း ကျွမ်းကျင်သင်တန်းအောင် လက်မှတ်တွေကို ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ပေးတာပါ၊ အခုသင်တန်း အောင်လက်မှတ်က ကိုရီးယားနိုင်ငံDoosan Infracore Co., Ltdက တိုက်ရိုက်ပေးအပ်တဲ့ အောင်လက်မှတ်ဖြစ်တာမို့ သူတို့ လေ့လာမှု အားကောင်းသလောက် စက်တွေကို မောင်းနှင်ထိန်းသိမ်းနိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံမှာရှိတဲ့ မည်သည့် ကုမ္ပဏီမှာမဆို အောင်လက်မှတ်ပြပြီး လုပ်မယ်ဆိုရင် လစာကောင်းကောင်း နဲ့ လုပ်ကိုင်နိုင်ကြမှာပါ''ဟု ထွန်းနေ ဝန်းသစ္စာ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါသင်တန်းသို့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်မှ တစ်မြို့လျှင် စက်မောင်း နှစ်ဦးနှုန်းဖြင့် သင်တန်းသားစုစုပေါင်း ၇၄ ဦးအား ဧပြီ ၂ ရက် မှ ၄ ရက်အထိ သုံးရက်ကြာ Doosan Infracore Co., Ltd မှ ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များမှ စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရ သည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment