Tuesday, April 3, 2018

ဆေးဆိုင်များ၌ ကာမရာဂစိတ်ကြွဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေး

Image may contain: 9 people, people standing
ရေဦး ဧပြီ ၂
ရေဦးမြို့နယ်ရဲတပ်ဖွဲ့စခန်း ရဲမှူး သန်းဆက်၊ ဒုတိယရဲမှူး သိန်းဝင်း ဦးဆောင်သောအဖွဲ့နှင့် မြို့နယ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း ၍ မတ် ၃၁ ရက် နံနက် ၁ဝ နာရီက ကာမရာဂစိတ်ကြွဆေးဝါး များ ရောင်းချမှုရှိ၊ မရှိ ဆေးဆိုင် ၁ဝ ဆိုင်အား ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကာမရာဂနှင့် စိတ်ကြွဆေးများ ရောင်းချမှုရှိ၊ မရှိ ဒုတိယ အကြိမ်မြောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယရဲမှူး သိန်းဝင်းက သက်တမ်းလွန်ဆေးဝါး များ ရောင်းချခြင်း မပြုစေရေး အတွက် အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထိုက်(ရေဦး)

No comments:

Post a Comment