Sunday, April 29, 2018

နောက်ဆုံးအကြိမ်တွေ့ဆုံမှုတွင် မော်ရင်ဟိုဘက်မှ တွန်းထိုးမှုမျိုးမလုပ်ဆောင်ရန် ဝင်းဂါးတောင်းဆို

Image may contain: 10 people, people standing
တနင်္ဂနွေနေ့ မန်ယူ၏အိမ်ကွင်း အိုးထရက်ဖို့ဒ်တွင် နည်းပြ ဝင်းဂါးက မိမိအနေဖြင့် အာဆင်နယ်နည်းပြအဖြစ် မော်ရင်ဟိုနှင့် နောက်ဆုံးတွေ့ဆုံမည်ဖြစ်ရာ မော်ရင်ဟို ဘက်မှ ယခင်ကလို တွန်းထိုးမှုမျိုး မလုပ်ဆောင်ရန် ပန်ကြားလိုက်သည်။
ဝင်းဂါးက ''ကျွန်တော်တို့ နောက်ဆုံးတွေ့ဆုံမှုမှာ တွန်းထိုးတာတွေ မလုပ်ပါနဲ့၊ ဘာလို့လဲဆိုရင် ကျွန်တော်က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားချင်လို့ပါ၊ မော်ရင်ဟိုက နည်းပြ ကောင်းတစ်ဦးပါ၊ ကျွန်တော်က မော်ရင်ဟိုနဲ့ အခြားသူ တွေအားလုံးကို ဂွတ်ဘိုင်လို့ နှုတ်ဆက်ချင်ပါတယ်၊ ပြင်သစ်လိုဆိုရင်တော့ အော်ရီဘွာ(ပြန်တွေ့ကြတာပေါ့) လို့ နှုတ်ဆက်ရမှာပါ''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုနှင့် ဝင်းဂါးတို့မှာဆယ်စုနှစ် တစ်ခုကျော်ကြာ ပြိုင်ဘက်များအဖြစ် တွေ့ဆုံခဲ့ကြပြီး မော်ရင်ဟိုက ဝင်းဂါး ၏ အာဆင်နယ်တွင် နှစ်ပေါင်းများစွာကြာအောင် တည်မြဲ သည့် အနေအထားအပေါ် မကြာခဏဆိုသလို ဝေဖန်ခဲ့သူ ဖြစ်သလို ကွင်းတွင်းတွေ့ဆုံမှုတွင် တစ်ဦးနှင့်တစ်ဦး တွန်းထိုးမှုအထိပင် ဖြစ်ခဲ့သည်။ သို့သော် ဝင်းဂါးက မော်ရင်ဟိုကို လေးစားသော်လည်း မိတ်ဆွေဖြစ်နိုင်မည် လားဆိုသည်ကို သူမသိရှိကြောင်း ဆိုခဲ့သလို အိုးထရက် ဖို့ဒ်ကွင်းတွင် အာဆင်နယ်အသင်းကို မည်သို့ကြိုဆိုမည် ဆိုသည်ကိုလည်း မသိရှိကြောင်း ဆိုခဲ့သည်။
မော်ရင်ဟိုက မန်ယူပရိသတ်များက ဝင်းဂါး၏နောက်ဆုံးအကြိမ် အိုးထရက်ဖို့ဒ်ကွင်းသို့ လာရောက်မှုကို ကောင်းကောင်းကြိုဆိုမည်ဟု မျှော်လင့်ကြောင်း ဆိုခဲ့သော် လည်း ဝင်းဂါးကို ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲ့သည့် အတွက် နောင်တရသလားဟူသော မေးခွန်းအတွက် ''နောင်တရသလား ဟုတ်လား၊ ကျွန်တော်တို့ကြားမှာ အနုတ်လက္ခဏာဆောင်တဲ့ အပိုင်းတွေရှိခဲ့ပေမယ့် ဒါကို ကျွန်တော်က လုပ်ဆောင်ခဲ့သလို သူလည်းပဲ လုပ်ခဲ့တာပါ ပဲ''ဟု တုံ့ပြန်ဖြေကြားသွားခဲ့သည်။
ထို့ပြင် မော်ရင်ဟိုက သူနှင့်ဝင်းဂါးတို့မှာ ပြိုင်ဘက် အဖြစ် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ကြဖူးသလို မန်ယူနည်းပြ ဟောင်း ဖာဂူဆန်နှင့်ဝင်းဂါးတို့မှာလည်း နှစ်ပေါင်းများစွာ ပြိုင်ဘက်များဖြစ်ခဲ့သည့်အတွက် မန်ယူပရိသတ်များ အတွက် ဝင်းဂါးမှာ ပြိုင်ဘက်ကောင်းဖြစ်ကြောင်းလည်း သုံးနှုန်းခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment