Sunday, April 29, 2018

လေဗာကူဆင်ဂိုးသမား ဘန်လီနိုအား ခေါ်ယူရန် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်အပြိုင် အာဆင်နယ်ကြိုးပမ်းမည်

Image may contain: 1 person, playing a sport
အာဆင်နယ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ ဈေးကွက်အတွင်း လေဗာကူဆင်အသင်းမှ ဂိုးသမား ဘန်လီနိုအား ခေါ်ယူရန်ပစ်မှတ်ထားလျက်ရှိပြီး အဆိုပါ ကစားသမားကို စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရ သည်။
ထို့ကြောင့် အာဆင်နယ်အသင်းမှာ ဂိုးသမား ဘန်လီနိုကို ခေါ်ယူနိုင်ရေးအတွက် အက်သလက်တီကို မက်ဒရစ်အသင်းနှင့် အပြိုင်ကြိုးပမ်းနေရကြောင်း သိရ သည်။ ဂျာမနီမြေမှလာသော သတင်းများအရ ဂိုးသမား လီနိုမှာ ယခုနွေရာသီဈေးကွက်အတွင်း ဘွန်ဒက်လီဂါ ကလပ် လေဗာကူဆင်အသင်းမှ ထွက်ခွာလိမ့်မည်ဖြစ် ကြောင်းလည်း သိရသည်။ အာဆင်နယ်အသင်းအနေဖြင့် ဂိုးသမားဘန်လီနိုအား ခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ ကြေးပေါင် ၁၇ ဒသမ ၅ သန်းကုန်ကျမည်ဖြစ်သည်။
လေဗာကူဆင် ဂိုးသမားဘန်လီနိုအား ခေါ်ယူရန် အတွက် အာဆင်နယ်အသင်းသည် အက်သလက်တီကို မက်ဒရစ်အသင်းအပြင် အီတလီစီးရီးအေကလပ် နာပိုလီ အသင်းနှင့်လည်း အပြိုင်ကြိုးပမ်းနေရကြောင်း သိရသည်။
အာဆင်နယ်အသင်း၊ အက်သလက်တီကိုမက်ဒရစ် အသင်းနှင့် နာပိုလီအသင်းတို့က ခေါ်ယူရန်ပြင်ဆင်နေကြ သော်လည်း လေဗာကူဆင်အသင်း အားကစားဒါရိုက် တာ ရူဒီဗော်လာကမူ ဂိုးသမားလီနိုနှင့် လေဗာကူဆင် အသင်းတို့၏ ဆက်ဆံရေးမှာ ကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါဂိုးသမားကို လေဗာကူဆင်အသင်းတွင် ဆက်ရှိရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြား ခဲ့သည်။
နိုင်လင်းကြည်

No comments:

Post a Comment