Monday, April 30, 2018

အစ္စကိုနှင့် ကာဗာဂျယ်တို့ ဘိုင်ယန်နှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်

Image may contain: 2 people, people playing sports and outdoor
ရီးယဲလ်ကွင်းလယ်လူ အစ္စကိုနှင့် နောက်ခံလူ ကာဗာဂျယ်တို့နှစ်ဦးမှာ ဒဏ်ရာပြသနာများကြောင့် ဘိုင်ယန် နှင့်ကစားမည့် ချန်ပီယံလိဂ်အကြို ဗိုလ်လုပွဲ(ဒုတိယအကျော့)ကို လွဲချော် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကစားသမား နှစ်ဦးစလုံးမှာ ပထမ အကျော့တွင် ပွဲထွက်ခွင့်ရရှိထားသူ များဖြစ်ရာ ရီးယဲလ်အသင်းမှာ ဒုတိယ အကျော့တွင် ပထမအကျော့က အသုံးပြုခဲ့သည့် ပွဲထွက်စာရင်းကို ပြောင်းလဲ အသုံးပြုရတော့မည် ဖြစ်သည်။
နည်းပြဇီဒန်းက အစ္စကိုကို လာလီဂါပွဲစဉ်များတွင် ပွဲထွက်ကစား သမားအဖြစ် အသုံးပြုမှု နည်းပါး သော်လည်း ချန်ပီယံလိဂ်လိုပွဲမျိုးတွင် ပွဲထွက်ခွင့်ပေးလေ့ရှိသည်။ ယင်းကဲ့သို့ လူမစုံမှုက ချန်ပီယံလ်ဂ် သုံးကြိမ်ဆက် ရရှိရန် ကြိုးပမ်းမည့် ရီးယဲလ်အသင်း အတွက် အဓိက ထိုးနှက်ချက် ဖြစ်လာ နိုင်သော်လည်း အစ္စကိုနေရာတွင် လီဂါနက်စ်နှင့် ပွဲစဉ်တွင် ခြေစွမ်းပြခဲ့ သည့် ဂါရတ်ဘေးလ်ကို အသုံးပြု သွားဖွယ်ရှိသည်။
မာကာသတင်းဌာန၏ ဖော်ပြချက် အရ အစ္စကို၏ လက်မောင်းဒဏ်ရာကို ဓာတ်မှန်ရိုက် စစ်ဆေးရာတွင် ကြွက်သားစုတ်ပြဲသွားသည့်အတွက် အနည်းဆုံး သုံးပတ်ကြာ အနားယူ ရမည်ဖြစ်သလို ကာဗာဂျယ်မှာလည်း တံကောက်ကြောဒဏ်ရာကြောင့် မေလလယ်အထိ အနားယူရမည် ဖြစ်သဖြင့် နှစ်ဦးစလုံးမှာ ဘိုင်ယန်နှင့် ပွဲစဉ်ကို သေချာပေါက် လွဲချော်မည် ဖြစ်သည်။
ရီးယဲလ်မက်ဒရစ် အသင်းက အဓိက ကစားသမားနှစ်ဦး ပါဝင် နိုင်ရန် မသေချာသည့်အခြေအနေတွင် ဘိုင်ယန်နောက်ခံလူ ဘိုတန်မှာလည်း ရီးယဲလ်နှင့်ပွဲစဉ်ကို လွဲချော်မည် ဖြစ်ပြီး တောင်ပံတိုက်စစ်မှူး ရော်ဘင်၊ ဗီဒယ်လ်တို့၏ ကြံ့ခိုင်မှုအနေအထား အပေါ် စောင့်ကြည့်နေရဆဲ ဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment