Sunday, April 29, 2018

နယ်မြေလုံခြုံရေးအခြေအနေအရ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကျေးရွာကိုးရွာမှ လူဦးရေ ၃၈၉ ဦး နေရပ်စွန့်ခွာပြောင်းရွှေ့

Image may contain: one or more people, crowd and outdoor
မြစ်ကြီးနား ဧပြီ ၂၈
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် တွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ဒေသခံပြည်သူများ နေရပ်ဒေသကို စွန့်ခွာ၍ စက်လှေများ၊ မော်တော် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ဖြင့် တန်ဖဲကျေးရွာ ကက်သလစ် ဘုရားကျောင်းသို့ ဧပြီ ၂၆ ရက် မွန်းလွဲ ၂နာရီခွဲမှ စတင်ပြောင်းရွှေ့ လာခဲ့ကြကြောင်း သိရသည်။
နေရပ်စွန့်ခွာ ပြောင်းရွှေ့လာကြသည့် ဒေသခံပြည်သူများအား ကျေးရွာ တာဝန်ရှိသူများနှင့် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ဓမ္မဆရာများက ကြိုဆို နေရာချထားပေးခြင်းများ၊ နေထိုင်ရေး၊ စားသောက်ရေးနှင့် လိုအပ်ချက်များကို စာရင်းကောက်ယူ ပြုစုခြင်းများ ဆောင်ရွက်ကူညီခဲ့ကြ သည်။
အဆိုပါ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသူများမှာ မေခ၊ မလိခ မြစ်နှစ်ခုကြား တြိဂံဒေသတွင် နေထိုင်ကြသူများဖြစ်ကြပြီး ဆွတ်မိုင် ယန်၊ ဇွတ်ဘန်ယန်၊ သံဘောင်ယန်၊ အင်ဇွဲတောင်၊ ဇနီတူယန်၊ ဘွမ်နိုင်ယန်၊ ဘုံဘဲဇွတ်၊ ဆွတ်ငိုင်ယန်၊ ပုံဘွေယန် ကျေးရွာများမှ အိမ်ထောင်စု ၆၉ စုမှ လူဦးရေ ၃၈၉ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment