Sunday, April 29, 2018

ကရင်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့နှင့်သိမ်းဆည်းမြေဆိုင်ရာလုပ်ငန်းစိစစ်ရေးအဖွဲ့(၁)တို့ တွေ့ဆုံ

Image may contain: 1 person, indoor
ဘားအံ ဧပြီ ၂၈
ကရင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့နှင့် သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်းစိစစ်ရေးအဖွဲ့(၁)တို့သည် ဧပြီ ၂၇ ရက် မွန်းလွဲ ၂ နာရီက ကရင်ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြသည်။
ရှေးဦးစွာ ကရင်ပြည်နယ်လယ်ယာမြေနှင့် အခြားမြေ များသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်းစိစစ်ရေးအဖွဲ့(၁)မှ အဖွဲ့ဝင်ဖြစ်သော နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဗရတ်ဆင်းက မြေယာကိစ္စတိုင်ကြားစာ အမှုတွဲများ၊ မူဝါဒ၊ လုပ်ငန်းစဉ်၊ လမ်းညွှန်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက အကြံပြု ဆွေးနွေးခဲ့ကြပြီး ကရင်ပြည်နယ်လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံရာသို့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြ ကြောင်း သိရသည်။
ကရင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အနေဖြင့် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ပေးပို့သည့် အမှုတွဲပေါင်း ၁၇ဝ တွင် ၇၉ မှု ဆောင်ရွက်ပြီးဖြစ်ကာ အမှုတွဲပေါင်း ၉၁ မှု ဆောင်ရွက်ရန် ကျန်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment