Sunday, April 29, 2018

မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာများ၏ လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ

Image may contain: one or more people and text
မြို့သစ် ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့သစ် မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာများ၏ လုပ်ငန်းသုံးသပ် ဆွေးနွေးပွဲနှင့် စံပြမြစိမ်းရောင်ကျေးရွာ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၂၆ ရက်က ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးသန်းဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း၊ မြို့နယ် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူး ဦးသန်းဝင်း(ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာ ၂၁ ရွာမှ ကော်မတီဝင်များ စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြပြီး တစ်ရွာချင်းစီက စီမံကိန်းနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များကို တင်ပြခဲ့ကြကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment