Tuesday, April 3, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၁၆)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Image may contain: 1 person, sitting and indoor
ရန်ကုန် ဧပြီ ၂
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၁၆)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူးနှင့် ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်း ဒေသကြီး ကုန်စည်ဒိုင်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲ သည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၁၆)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီကို ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင် အဖွဲ့ဝင် ၂ဝ ဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၅) ရပ်ချမှတ်၍ ကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းကော်မတီ ငါးခုကို ဖွဲ့စည်းခဲ့ပါကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေ ဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၈ ခုနှစ် မတ်လအထိ (၁၅)ကြိမ် တွေ့ဆုံခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့် အခက်အခဲ တင်ပြ ချက် စုစုပေါင်း ၂၃ဝ ရှိခဲ့ပါကြောင်း၊ အဆိုပါတင်ပြချက် အားလုံးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းကော်မတီ ငါးခုတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှတစ်ဆင့် ပြန်ကြားခဲ့ပြီး တင်ပြချက်များအပေါ် အလေးထားဖြေရှင်း ဆောင်ရွက် ပေးခဲ့ပါကြောင်း။
စီးပွားရေးလုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့် အခက်အခဲ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေရှင်းပေးသည့်အချက်များမှာ အပြည့်အဝ မပြီးပြတ်သေးသည်ဟု ယူဆပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် ကော်မတီ၏ တာဝန်ခံဝန်ကြီးဌာန ဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသို့ ဆက်လက်တင်ပြပြီး ကော်မတီ၏ စီစဉ်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တင်ပြသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ (Private-Public Dialogue ) ပြုလုပ်ကာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် စီစဉ်ထားရှိပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက် စီးပွားရေးမူဝါဒ(၁၂)ရပ်ကို ချမှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြုံတွေ့နေရ သည့် အခက်အခဲများကိုလည်း တတ်နိုင်သလောက် ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မတ် ၂ဝ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံ ရှိခဲ့ သဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်၏ ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံကို ပြည့်မီ ကျော်လွန် အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါ ကြောင်း၊ အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ဖန်တီးပေးနိုင်ခဲ့ပါကြောင်း။
ပြည်ပကုန်သွယ်မှုအခြေအနေကိုကြည့်ပါက ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ် မတ်လ ၂၃ ရက်အထိ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံ ကျော်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် အမေရိကန် ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါဆောင်ရွက်မှု၌ ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆ ဘီလီယံပါဝင်သည့်အတွက် ကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍမှ ၈၂ ရာခိုင်နှုန်းအထိ ပါဝင်ဆောင်ရွက် နိုင်သည်ကို တွေ့ရှိရပါကြောင်း။
ပို့ကုန်တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ဆန်၊ ပြောင်း၊ ရော်ဘာစိမ်းနှင့် ချုပ်ပြီးအထည်တို့အား အဓိက ပိုမိုတင်ပို့ နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဆန်တင်ပို့မှုတွင် တန်ချိန် ၃ ဒသမ ၅၂ သန်းအထိ တင်ပို့နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ယခင်နှစ်က အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှုကို ကန့်သတ်သည့်အတွက် ပဲစိုက်တောင်သူ များ အခက်အခဲ ကြုံတွေ့နေရသည့်အပေါ် တောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် နှစ်နိုင်ငံ သံတမန် နည်းလမ်းဖြင့် လည်းကောင်း ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆက်သွယ်၍ လည်းကောင်း ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ တောင်သူ များအနေဖြင့်လည်း စီးပွားရေးအရ တွက်ခြေကိုက်မည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးသွားနိုင်ရေး အကြံပြု တိုက်တွန်းလိုပါကြောင်း။
ယခင်က ကုမ္ပဏီထူထောင်ရန် မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေးကို ငွေကျပ် ၁ဝ သိန်း သတ်မှတ်ခဲ့ရာမှ ၂ဝ၁၆ ခုနှစ် ဇွန်လကစပြီး ငွေကျပ် ငါးသိန်းအထိ လျှော့ချ ခဲ့ပါကြောင်း၊ ၂ဝ၁၈ ခုနှစ် ဧပြီလ ၁ ရက်မှစပြီး မှတ်ပုံတင် ကြေးကို ငွေကျပ် ငါးသိန်းမှ ငွေကျပ် နှစ်သိန်းငါးသောင်း အထိ ထပ်မံလျှော့ချပြင်ဆင် သတ်မှတ်ပေးထားပါကြောင်း၊ ထို့အတူ ကုမ္ပဏီထူထောင်ရန် မှတ်ပုံတင်သည့်လုပ်ငန်းနှင့် ပတ်သက်သော ကိစ္စရပ်များကို Online မှ ၂၄ နာရီ ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်လျက်ရှိပါကြောင်း၊ အဆိုပါဆောင်ရွက်မှုများသည် Ease of Doing Business အစီရင်ခံစာပါ ညွှန်းကိန်း ၁ဝ ခုအနက် တစ်ခုဖြစ်သော စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း(Starting a Business) ဆိုင်ရာ ညွှန်းကိန်းအရ ဖြေလျှော့ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်း အဖွဲ့ ငါးဖွဲ့အနေဖြင့် ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသော အခက်အခဲ များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့်ကာလအတွင်း ငွေကြေး ဈေးကွက်ခိုင်မာအောင် ဆောင်ရွက်ခဲ့မှု၊ အစိုးရဌာနများ၏ ဘတ်ဂျက်များလေလွင့်မှုမရှိအောင် စိစစ်သုံးစွဲခဲ့မှု၊ ပုဂ္ဂလိကဘဏ်များ ခိုင်မာအားကောင်းရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မူဝါဒများ ချမှတ်ဆောင်ရွက်နေမှုတို့အပြင် အခွန်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လယ်ယာကုန်ထုတ် ကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်နေမှုအခြေအနေ၊ ငါးမွေးမြူရေးနှင့် အခြားမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် နေမှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာ နိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူ များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်

No comments:

Post a Comment