Tuesday, April 3, 2018

အမေရိကန်နိုင်ငံ၌ကျင်းပသည့် လူငယ်အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး သင်းဝေခိုင် ချန်ပီယံဆုရရှိ

Image may contain: 1 person, smiling, standing, outdoor, water and nature
ရန်ကုန် ဧပြီ ၂
အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ PGA National Resort & Spa- Fazio Course Palm Beach Gardens ဂေါက်ကွင်း၌ မတ် ၂၉ ရက်မှ ဧပြီ ၁ ရက်အထိ ကျင်းပသောTeensGiv.org Girls Junior Championship ပြိုင်ပွဲသို့ မြန်မာလူငယ်အမျိုးသမီး ဂေါက်သီး အားကစားသမား သင်းဝေခိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲတွင် သင်းဝေခိုင်သည် သုံးရက်ပေါင်းရိုက်ချက် ၆၈+၆၉+၇ဝ= ၂ဝ၇ ချက်(သတ်မှတ်ရိုက်ချက်ထက် ကိုးချက် လျော့ရိုက်ပြီး)မြန်မာလူငယ်များ အတွက် ၂ဝ၁၈ ခုနှစ် မြန်မာနှစ်သစ်ကူး အကြို ချန်ပီယံဆုဖလားတစ်ခုကို ဆွတ်ခူးနိုင်ခဲ့သည်။
ယင်းပြိုင်ပွဲသည် American Junior Golf Association (AJGA)က ဦးစီးကျင်းပသည့် ပွဲစဉ်တစ်ခုဖြစ် ကြောင်းနှင့် ၎င်းသည် အမေရိကန်နိုင်ငံရှိ Gray Gilchrist Golf Academy (GGGA) တွင်Golf Academy တက်ရောက်ပြီး ပြိုင်ပွဲမျိုးစုံ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသော မြန်မာလူငယ် အမျိုးသမီး အားကစားသမားတစ်ဦးဖြစ် ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment