Wednesday, April 4, 2018

နေရပ်စွန့်ခွာသွားခြင်းမရှိသည့် အစ္စလာမ်ဘာသာဝင်များအတွက် နေအိမ်သစ်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

Image may contain: 7 people, people standing, wedding and outdoor
မောင်တော ဧပြီ ၃
မောင်တောဒေသ ပန်းတောပြင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာမှ နေရပ်စွန့်ခွာသွားခြင်းမရှိသည့် အစ္စလာမ်ဘာသာဝင် အိမ်ထောင်စုများအတွက် နေအိမ်သစ်နှင့် အစားအသောက် အသုံးအဆောင်များကို ယနေ့ညနေပိုင်းတွင် မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာမှ အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ၂၂ စုအား နေအိမ်သစ်နှင့် လတ်တလောလိုအပ်သည့် အိမ်အသုံးအဆောင်များဖြစ်သည့် ဆန်၊ ဆီ၊ အစားအစာများ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်နှင့် မီးဖိုချောင်သုံး ပစ္စည်းများဖြစ်သည့် အိုး၊ ခွက်၊ ပန်းကန်၊ ဇွန်းနှင့် ဆိုလာမီးအိမ်များကို ယနေ့ညနေပိုင်းက ပန်းတောပြင်ကျေးရွာ၌ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့်အဖွဲ့က ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမိသားစုဝင်များက လက်ခံရယူခဲ့ကြသည်။
အဆိုပါ ပန်းတောပြင်ကျေးရွာသည် ယခင် အကြမ်းဖက်မှုဖြစ်စဉ်က မီးလောင်ဆုံးရှုံးခဲ့သောကြောင့် နိုင်ငံတော် အစိုးရက အဆိုပါနေရာအား ရှင်းလင်းပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နေအိမ်သစ် ၂၂ လုံး ပြန်လည် တည်ဆောက်ပေးခဲ့သည်။ ၎င်းနေအိမ်တွင်အိပ်ခန်း၊ မီးဖိုခန်း၊ ရေတုံကင်၊ ရေချိုးခန်း၊ ရေအိမ်နှင့် ခြံစည်းရိုးများကို ခိုင်မာစွာ တည်ဆောက်ပေးထားကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ကျော်သူဝင်း၊ အေးမင်းသူ

No comments:

Post a Comment