Wednesday, April 4, 2018

မင်းတပ်မြို့နယ်တွင် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်

Image may contain: one or more people, outdoor and nature
မင်းတပ် ဧပြီ ၃
မင်းတပ်မြို့နယ် ကြိုနာမ်ရွာသစ်မှ လုံပုမ်ရွာသို့ ဆက်သွယ်လမ်း ဖောက်လုပ်နေမှုကို မင်းတပ်မြို့နယ် အမှတ်(၂)ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်း ဦးဆောင်၍ မင်းတပ်ခရိုင်ဖွံ့ဖြိုးရေး ကြီးကြပ်ရေးမှူး(ဒုတိယညွှန်ကြားရေး မှူး) ဦးရမ်ဟေး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဦးအောင်စိုး (မြို့နယ်စီမံကိန်း လက်ထောက် ညွှန်ကြားရေးမှူး)တို့သည် မတ် ၃၁ ရက်တွင် သွားရောက်ကြည့်ရှုကြီးကြပ် ပေးသည်။
ယင်းလမ်းသည် အရှည် ၁ဝ မိုင် ရှိ၍ အကျယ် ၂၁ ပေနှင့် ရေမြောင်း အပါ ဖောက်လုပ်ခြင်းဖြစ်ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နတလဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၈၅ ဒသမ ၆၉၆ သန်းဖြင့် ဖောက်လုပ်ခြင်းဖြစ်ကာ လုပ်ငန်းများ ၉ဝ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်သည်။
အဆိုပါလမ်း ဖောက်လုပ်ပြီးပါက ရွာပေါင်း ၁၁ ရွာမှ ပြည်သူများ မင်းတပ်မြို့နှင့် အချိန်ကုန်သက်သာစွာ သွားလာဆက်သွယ်နိုင်မည်ဖြစ်၍ ဝမ်းသာနေကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment