Sunday, April 29, 2018

ဟင်္သာတနှင့် ပုသိမ် ခရိုင်ချင်းဆက်သွယ်သွားလာနိုင်မည့် ရှားခဲတံတားသစ်ဖွင့်

Image may contain: one or more people, people standing, child, crowd and outdoor
ဟင်္သာတ ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် ဟင်္သာတမြို့နယ်နှင့် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်သို့ ဆက်သွယ်သွား လာနိုင်မည့် ရှားခဲတံတားသစ်ဖွင့်ပွဲကို ဧပြီ ၂၇ ရက် နံနက် ၁၁ နာရီက အဆိုပါ တံတားသစ်တွင် ကျင်းပခဲ့ရာ ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကိုကိုဦးနှင့် ကျုံပျော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါ်သီတာတို့က တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် တံတားသစ်ဆောက် လုပ်ပြီးစီးမှု အထိမ်းအမှတ်ကျောက်စာ တိုင်ကို လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် တံတားအထူးအဖွဲ့ တာဝန်ရှိသူများက အမွှေးနံ့သာရည် များ ပက်ဖျန်းပေးကြပြီး တံတားသစ် ပြီးစီးမှုကို ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
အဆိုပါ တံတားသစ်မှာ အရှည် ပေ ၁၂ဝ၊ အကျယ် ၂၄ ပေရှိ သံကူ ကွန်ကရစ်တံတားဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ် ၃၈ သန်းဖြင့် တံတား အထူးအဖွဲ့(၁၁)၊ တည်ဆောက်ရေး အဖွဲ့(၃) တံတားဦးစီးဌာနက တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဟင်္သာတမှ နိဗ္ဗာန်-သောင်ကြီး-ကျုံပျော်-ရေကြည်သို့ ဆက်သွယ်သွား လာသည့် အဓိကလမ်းမကြီးတွင် ရှိသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)

No comments:

Post a Comment