Sunday, April 29, 2018

ကြာပို့ကျေးရွာ ချောင်းရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်

Image may contain: one or more people, people standing, outdoor and nature
တောင်သာ ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ကြာပို့ကျေးရွာတွင် ချောင်းရေ တိုက်စားမှု ကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ဧပြီ ၂၇ ရက်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း ဦးဆောင်သော မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များသည် မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဆွေဝင်းနှင့်အတူ ဆည်မြောင်းဦးစီးဌာန ဖြည့်စွက်လုပ်ငန်းများ တင်ဒါပိုလျှံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကြာပို့ ကျေးရွာ ချောင်းရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင် (တောင်သာ)

No comments:

Post a Comment