Sunday, April 29, 2018

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပညာပေးဆွေးနွေး

Image may contain: 2 people, people standing and outdoor
ပန်းတနော် ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါဝါးကျေးရွာ အုပ်စုတွင် တောင်သူများ၏လယ်ယာမြေများမှ မြေနမူနာ ရယူမှုလက်တွေ့ပြခြင်း၊ မြေဆီလွှာအာဟာရဓာတ် စစ်ဆေးမှု လက်တွေ့ပညာပေးဆောင်ရွက်ပေးခြင်းများကို ဧပြီ ၂၆ ရက် နံနက်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ဆောင်ရွက်ရာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းညွန့်က ပညာပေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် နှင့် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး ပညာပေးကာ တက်ရောက်လာသူ တောင်သူ ၅ဝ အား စစ်ဆေးချက်မှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)

No comments:

Post a Comment