Tuesday, April 3, 2018

စစ်တွေမြို့၌ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 1 person, indoor
စစ်တွေ ဧပြီ ၂
နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၇ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၂)နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပြန်လည် နေရာချထားရေးအတွက် သတ်မှတ်နေရာများ ရွေးချယ် ထားပြီး ဆောင်ရွက်နေကြောင်း၊ ကော်မတီအဖွဲ့ဝင်များ အနေဖြင့် သတ်မှတ်နေရာများတွင် နေရာချထားရေး အတွက် စီစဉ်ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပေးစေလိုကြောင်း၊ ထို့အပြင် လက်ခံရေးစခန်းများတွင် လမ်းများကောင်းမွန်ရေး၊ ပြန်လည်ဝင်ရောက်လာသူများကို စခန်းများသို့အဆင် ပြေစွာပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှင့် ပြန်လည်နေရာချထားရေးကော်မတီအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြည်နယ်အစိုးရအဖွဲ့မှ မောင်တော ဒေသ မြေရှင်းလင်းရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီး ဆောင်ရွက်နေမှုကို လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြန်လည် နေရာချထားရေး ဆောက်ရွက်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှင့် ပြန်လည်နေရာချထားရေးကော်မတီ၊ တွဲဖက် အတွင်းရေးမှူး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက အထောက်အကူပြု ကော်မတီဝင်များ အနေဖြင့် မိမိတို့ဌာနမှ လုပ်ဆောင်ရမည့်လုပ်ငန်းများကို သိရှိပြီး လုပ်ငန်းလိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြနိုင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သို့မှ သာ မိမိတို့အနေဖြင့် သက်ဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်မည့် ဌာနများသို့ ဆက်လက်တင်ပြပြီး ဆောင်ရွက်ရမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အထောက်အကူပြုကော်မတီဝင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ် စကား ပြောကြားသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment