Tuesday, April 3, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေးကော်မတီ တွေ့ဆုံဆွေးနွေး

Image may contain: 5 people, people sitting and indoor
နေပြည်တော် ဧပြီ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအကြံပေး အဖွဲ့ဥက္ကဋ္ဌ Dr. Surakiart Sathirathai ဦးဆောင်သော အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဇန်နဝါရီလက ပထမဆုံး တွေ့ဆုံသည့် အစည်းအဝေးတွင် တင်ပြခဲ့သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်မှုဆိုင်ရာ နောက်ဆုံးလုပ်ငန်းတိုးတက်မှု အခြေအနေများ၊ အကြံပေးကော်မတီက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ကနဦး အကြံပြုမှုအနေဖြင့် ဆောင်ရွက်သင့်သည့် အချက်များ၊ ယင်းတို့အနက် ရခိုင်ပြည်နယ်ကိစ္စအား ဆောင်ရွက်ရာတွင် အဆင့်တိုင်းရှိ ပါဝင်ပတ်သက်သူများနှင့် ဆွေးနွေးရေး၊ လူသားချင်း စာနာမှုအကူအညီ အပြည့်အဝရရှိစေရေး၊ မီဒီယာများ သတင်းရယူနိုင်ရေးနှင့် ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများတွင် ကုလသမဂ္ဂအဖွဲ့များ ပါဝင် ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ လက်တွေ့ ဆောင် ရွက်နေသည့် အခြေအနေများ၊ စေတနာ့ဝန်ထမ်းလူငယ် များက လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့နေမှု၊ WFP နှင့် Red Cross Movement မှတစ်ဆင့် ကူညီ ထောက်ပံ့နေမှုများ၊ သက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချနေမှု၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့ စေရန် လမ်းသစ်များ ဖောက်လုပ်နေမှု၊ တံတားများ တည်ဆောက်ဖွင့်လှစ်နေမှု၊ ၂၄ နာရီ လျှပ်စစ်မီးရရှိ နိုင်ရေး ဆောင်ရွက်နေမှုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်
းစမှ အသက်(၂)နှစ်အရွယ်အထိ ငွေကြေး ထောက်ပံ့မှုအစီအစဉ်ကို ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်နေမှုများ၊ ကျန်းမာရေးစောင့် ရှောက်မှုတိုးမြှင့်ရန်၊ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေ မှုများ၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ နိုင်ငံသားဖြစ်မှု စိစစ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နေမှု များ၊ သတင်းမီဒီယာများ နှစ်ပတ်လျှင်တစ်ကြိမ် ရခိုင် ပြည်နယ်အတွင်း သွားရောက်သတင်းယူနေသည့်ကိစ္စ များ၊ ၂ဝ၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့သော ခိုလှုံရေးစခန်းများ ပိတ်သိမ်းနေပြီး ပြန်လည်နေရာချထားရေးအတွက် ဘက်ပေါင်းစုံမှ ချဉ်းကပ်ဆောင်ရွက်နိုင်ရေး၊ အာဆီယံ အသိုက်အဝန်းနှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စမ်းသပ်စီမံကိန်းကို သတ်မှတ်ကျေးရွာ တွင် ဆောင်ရွက်နိုင်ရေးကိစ္စများ၊ ကုလသမဂ္ဂအဖွဲ့အစည်း များ၊ မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာ ကူညီမှု၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့်ကိစ္စများ၊ ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ နယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေး လု
ပ်ငန်းရှင်များက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာရောက်ကူညီမှုကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment