Tuesday, April 3, 2018

လီဗာပူးတိုက်စစ်အတွဲက ရပ်တန့်လို့မရဘူးလို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ပြောကြား

Image may contain: 2 people, people smiling, people playing sports and outdoor
လီဗာပူးအသင်းတိုက်စစ်အတွဲဟာ ရပ် တန့်လို့မရတဲ့တိုက်စစ်အတွဲဖြစ်တယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြော လိုက်ပါတယ်။
မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် လာမယ့်ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်သည်။
လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလတ် ဟာ အခုနှစ်ဘောလုံးရာသီမှာ ၃၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး တိုက်စစ်မှူး ဖာမီနိုနဲ့ ဆာဒီယိုမာနေးတို့ ကလည်း နှစ်ယောက်ပေါင်းသွင်းဂိုး ၃၈ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယို လာက လီဗာပူးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနေတဲ့ မိုဟာမက်ဆာလတ်၊ ဖာမီနို နဲ့ ဆာဒီယိုမာနေးတို့ကို ရပ်တန့်ဖို့ခက်ခဲတဲ့ တိုက်စစ်အတွဲအဖြစ် တင်စားလိုက်တာဖြစ်ပါ တယ်။
လီဗာပူးအသင်းဟာ အခုနှစ်ဘောလုံး ရာသီ ပရီမီယာလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်း လို အမှတ်ပေးဇယားထိပ်ဆုံးကရပ်တည်နေ တဲ့အသင်းကိုတောင် အိမ်ကွင်းအန်ဖီးလ်မှာ လေးဂိုး-သုံးဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိထားခဲ့ တာကြောင့် လီဗာပူးအသင်းရဲ့ တိုက်စစ်ပိုင်း ဟာ ရပ်တန့်ဖို့ခက်တယ်လို့ ဆိုခဲ့တာပါ။
မိုဟာမက်ဆာလတ်၊ ဖာမီနိုနဲ့ မာနေးတို့ ဟာ မန်စီးတီးအသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ် မှာ ကိုးမိနစ်အတွင်း သုံးဂိုးသွင်းယူပေးနိုင်ခဲ့ တဲ့မှတ်တမ်းလည်းရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းကို ထိန်း ချုပ်ပြီး မကစားနိုင်ခဲ့ပါဘူး။ အဲဒါဟာ လီဗာပူး အသင်းရဲ့ အိမ်ကွင်းအနေအထားကြောင့် လည်းတစ်ခု ပါဝင်ပတ်သက်နေပါတယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြော ကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာဆိုရင် အဲဗာတန် အသင်းကို ဆာနေး၊ ဂျီးဆပ်၊ စတာလင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိ ခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်(၃၁)အပြီးမှာ လက် ကျန်ပွဲစဉ်တွေထဲက တစ်ပွဲအနိုင်ရရင် ပရီမီ ယာလိဂ်ဖလားကို ရယူဆွတ်ခူးနိုင်တော့မှာပါ။
လက်ရှိမှာ မန်စီးတီးအသင်းဟာ ပရီမီ ယာလိဂ်ဖလားကို ရယူနိုင်ဖို့ သေချာသွားပြီ ဖြစ်တာမို့ ချန်ပီယံလိဂ်ပြိုင်ပွဲကသာ အဓိက အရေးပါတဲ့ပွဲစဉ်ဖြစ်တယ်လို့ နည်းပြ ဂွါဒီယို လာက ဆက်လက်ပြောကြားခဲ့ပါတယ်။
ငွေကြယ်

No comments:

Post a Comment