Tuesday, April 3, 2018

မန်စီးတီးနှင့် ကစားမည့်ပွဲထက် ဒုတိယနေရာ တည်မြဲရေးကပိုအရေးကြီးဟု မော်ရင်ဟို ပြောကြား


Image may contain: 2 people, people smiling, people playing sports and outdoor
မန်ယူနည်းပြ မော်ရင်ဟိုက လာမည့်ရက် သတ္တပတ်တွင် ယှဉ်ပြိုင်ရမည့် မန်စီးတီးနှင့် မန်ချက်စတာဒါဘီပွဲစဉ်ထက် ဒုတိယနေရာ တည်မြဲအောင် စွမ်းဆောင်နိုင်မှုက မန်ယူ အတွက် ပိုပြီးအရေးကြီးကြောင်း အင်တာဗျူး တစ်ခုတွင် ဖြေကြားခဲ့သည်။
မော်ရင်ဟိုက ''စီးတီးက ကျွန်တော့် အတွက် အရေးမကြီးပါဘူး၊ ဘယ်အရာက အရေးပါသလဲဆိုရင် ကျွန်တော်တို့ ပထမ နေရာက ဆင်းပေးရပြီးကတည်းက ဒုတိယ နေရာမှာ တစ်ရာသီလုံး ရပ်တည်ဖို့က ပိုပြီး အရေးကြီးပါတယ်။ ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့ကို ဘယ်လိုပဲ ဝေဖန်မှုတွေ လုပ် စေဦးတော့ ကျွန်တော်တို့က ဒုတိယနေရာနဲ့ ထိုက်တန်ပါတယ်။ ခင်ဗျားတို့က ပြောမယ် တတိယ၊ စတုတ္ထနေရာမှာ ရှိနေတဲ့ အသင်း တွေက ကျွန်တော်တို့ထက် ကစားပုံပိုကောင်း တယ်၊ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ထက် ရမှတ်ပိုရအောင် ကစားထားနိုင်တယ်လေဗျာ'' ဟု တုံ့ပြန်ခဲ့သည်။
ပရီမီယာလိဂ်ပွဲစဉ်( ၃၁) ယှဉ်ပြိုင်အပြီး မန်စီးတီးအသင်းမှာ အမှတ်ပေးဇယား ဒုတိယ နေရာတွင် ရပ်တည်နေသည့် မန်ယူအသင်းကို ရမှတ် ၁၆ မှတ်အထိဖြတ်ပြီး ဦးဆောင်ထား နိုင်ရာ လာမည့်ရက်သတ္တပတ် မန်ချက်စတာ ဒါဘီတွင် မန်စီးတီးသာ အနိုင်ရရှိခဲ့ပါက ပရီမီယာလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရရှိ တော့မည်ဖြစ်သည်။
ဘောလုံးသုံးသပ်သူ အများစုက မန်ယူ နှင့် ယှဉ်ပြိုင်သည့် ပွဲအပြီး မန်စီးတီးအသင်း ပရီမီယာလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံသွား မည်ကို မန်ယူနည်းပြ မော်ရင်ဟိုအနေဖြင့် အစွမ်းရှိသလောက် ကာကွယ်ရန် ကြိုးပမ်း သွားဖွယ်ရှိကြောင်း ယူဆနေကြချိန်တွင် မော်ရင်ဟိုက အထက်ပါအတိုင်း တုံ့ပြန်လိုက် ခြင်းဖြစ်သည်။
မန်စီးတီးက အဆိုပါပွဲမတိုင်မီ ပရီမီယာ လိဂ်ပြိုင်ဘက် လီဗာပူးအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်ရာ မန်ယူထက် ပွဲပန်းနိုင်ဖွယ်ရှိနေသည်။ အများစု က မန်ယူအသင်းကို ဝေဖန်နေသော်လည်း မန်ယူမှာ ပြီးခဲ့သည့် ဘောလုံးရာသီကထက် ရမှတ်ကိုးမှတ်ပိုရအောင် ကစားထားနိုင်ပြီး သွင်းဂိုးနှုန်းတက်လာသလို ပေးဂိုးလည်း လျော့နည်းသွားကြောင်းကို မေ့လျော့နေကြ ကြောင်း မော်ရင်ဟိုက ထောက်ပြခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment