Tuesday, April 3, 2018

သိန်းတစ်သောင်းကံထူးရှင်အဖြစ် မရိုးတောတောင်ရွာမှ စိုက်ပျိုးရေးလုပ်သူ ကိုသောင်းကြည် ဆွတ်ခူး

Image may contain: 1 person
မုံရွာ ဧပြီ ၂
ယခု (၁၃)ကြိမ်မြောက် သိန်းတစ်သောင်း အောင်ဘာလေ ထီဆုကြီးကို မုံရွာမြို့နယ် မရိုးတောတောင်ရွာတွင် နေထိုင် သော ကိုသောင်းကြည်ဆိုသူ ကံထူးခဲ့သည်။ ပြီးခဲ့သည့် (၁၁)ကြိမ်မြောက် သိန်းတစ်သောင်းကိုလည်း မုံရွာမြို့ ထီဆိုင်ပိုင်ရှင် ဦးစိုးဝင်းက ကံထူးခဲ့ပြီး တစ်ပတ်ခြား၍ (၁၃)ကြိမ်မြောက်တွင် ကိုသောင်းကြည် ကံထူးခဲ့သည်။
''မုံရွာမြို့နယ် မရိုးတောတောင်ကျေးရွာမှာ မိသားစု ငါးယောက်နေကြပါတယ်၊ အမျိုးသမီးရယ် ကလေး သုံးယောက်ရယ်ပေါ့၊ အကြီးဆုံးက ယောက်ျားလေး၊ အငယ် နှစ်ယောက်က မိန်းကလေးပါ၊ အကြီးဆုံး ယောက်ျား လေးက ဆယ်တန်းဖြေထားပြီး အလတ်သမီးက ခုနစ်တန်း ဖြေထားပါတယ်၊ အငယ်ဆုံးသမီးက သုံးတန်းဖြေထား တာပါ'' ဟု ကိုသောင်းကြည်က သူ့မိသားစုအခြေအနေကို ပြောပြသည်။
''လုပ်ငန်းက စိုက်ပျိုးရေးလုပ်တယ်၊ သနပ်ခါးစိုက်တယ်၊ ခရမ်းသီးစိုက်တယ်၊ ဟင်းသီးဟင်းရွက်စိုက်တယ်၊ သိန်းတစ်သောင်းဆုပေါက်တော့ ဘဝအာမခံချက်ရှိအောင် ဘဏ်ထဲထည့်ထားပြီး ရင်းနှီးလုပ်ကိုင်စားရမယ်၊ မိဘ တွေကလည်း အသက်ကြီးကြပြီဆိုတော့ သက်ဆုံးတိုင် အောင် မကြောင့်မကြနေရအောင်ထားသွားဖို့ စိတ်ထဲမှာ ရှိပါတယ်''ဟု ရှေ့ဆက်လုပ်မည်များကို ကိုသောင်းကြည်က ပြောပြသည်။
ကိုသောင်းကြည်၏ မွေးချင်းများအကြောင်း သိန်း တစ်သောင်းပေါက်သည့်အပေါ် လတ်တလောဖြစ်ပေါ် နေသော ခံစားချက်ကိုမေးကြည့်ရာ ''ကျွန်တော်တို့က မောင်နှမ ငါးယောက်ရှိပါတယ်၊ မရိုးတောမှာပဲနေကြတာ ပါ၊ အခုလို မထင်မှတ်လောက်တဲ့ ဆုကြေးသိန်းတစ်သောင်း ရတော့ ဝမ်းသာမိတာတော့ အမှန်ပဲဗျ၊ ဒါပေမယ့် စိတ်က တော့ တည်ငြိမ်မှုရှိပါတယ်၊ ပျာပျာသလဲတော့ မရှိပါဘူး၊ ဆုငွေကို ပေါက်တယ်ကြားပြီး နောက်ရက် ဧပြီ ၂ ရက်မှာ မန္တလေးသွားထုတ်ရတော့ ပေါက်ပြီး ငွေမြန်မြန် ထုတ်ပေး တဲ့အပေါ် တာဝန်ရှိသူတွေရော မုံရွာက ကိုယ်စားလှယ်ကြီး ကိုပါ ကျေးဇူးတင်ပါတယ်၊ မန္တလေးကို ဆုငွေသွား ထုတ်တာ မောင်နှမအားလုံးနဲ့ မိသားစုအပြင် ဆွေမျိုးတွေပါ ၁၅ ယောက်လောက် သွားထုတ်ကြတာပါ''ဟု ကိုသောင်းကြည် က ဝမ်းပန်းတသာပြောပြသည်။
သိန်းတစ်သောင်းပေါက်မည့် ဍ-၉ဝ၅၂၆ဝ ထီ လက်မှတ် သုံးစောင်တွဲကို မုံရွာမြို့ဈေးလမ်းမှ ရွှေမြန်မာ မင်္ဂလာရွှေမောင်း အောင်ကောင်းဆင့်ထီဆိုင်မှ ရယူရောင်း ချသည့် မုံရွာမြို့နယ်သား ပြေးရွာနေ ထီအရောင်း ကိုယ်စားလှယ် ကိုမြင့်အောင်ထံမှ ထီလက်မှတ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''အခုလို မုံရွာအနေနဲ့ ဒုတိယအကြိမ်အဖြစ် ကိုယ့် ထီဆိုင်ကပေါက်တော့ အတိုင်းမသိ ဝမ်းသာမိပါတယ်၊ မုံရွာက ပထမအကြိမ် သိန်းတစ်သောင်းကို ကိုစိုးဝင်း ပေါက်တာက (၁၁)ကြိမ်၊ အခုကျွန်တော့်ဆိုင်က (၁၃)ကြိမ်မြောက်မှာ ပေါက်တာဆိုတော့ တစ်ကြိမ်ခြားမှာ ကိုယ့်မုံရွာနယ်ကလူ ရတာဆိုတော့ အတိုင်းမသိပျော်နေ ပါတယ်၊ ပြီးခဲ့တဲ့ (၁ဝ)ကြိမ်မြောက်တုန်းကလည်း သိန်း သုံးထောင်နဲ့ သိန်းတစ်ထောင် ကျွန်တော့်ဆိုင်က ပေါက်ခဲ့ တယ်၊ အခု (၁၃)ကြိမ်မြောက်မှာ ကျွန်တော့်ဆိုင်က သိန်း တစ်သောင်းနဲ့ အတူသိန်း တစ်ထောင်လည်းပါတယ်'' ဟု ရွှေမြန်မာမင်္ဂလာရွှေမောင်းအောင်ကောင်းဆင့် မုံရွာ ပင်ရင်း ထီဆိုင်ပိုင်ရှင် ကိုဇော်ဝင်းထွန်းက ပြောပြသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment