Tuesday, April 3, 2018

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 3 people, people sitting and indoor
မော်လမြိုင် ဧပြီ ၂
မွန်ပြည်နယ် ရေးမြို့နယ်၌ ကျင်းပမည့် မွန်ပြည်သစ်ပါတီ (NMSP)၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ် ဝန်ကြီးများ၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ခင်ဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် အထောက်အကူပြုအဖွဲ့ဝင် ဦးကျော်လင်းဦး၊ UPDJC(EAO)အစုအဖွဲ့မှ ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း၊ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသုဝေ၊ မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဝင်များ၊ မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်အောင်မငေးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က မွန်ပြည်နယ်၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အထူးစိတ်ဝင်စား သဖြင့် မိမိတို့အား စေလွှတ်ခြင်းဖြစ်ပြီး မိမိတို့ကလည်း မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူလူထုကို အလေးထား၍ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရေးမြို့နယ်၌ ကျင်းပရန် (၁၄)ကြိမ်မြောက် UPDJC အစည်းအဝေးက သဘောတူထားပြီးဖြစ်ကာ ယင်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ အား ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ အနေဖြင့် အဆိုပါနိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပကာ မွန်တိုင်းရင်းသားတို့၏ လိုလားချက်များနှင့် သဘောထား ဆန္ဒများကို ထုတ်ဖော်ခွင့်ရရှိကြမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသည့် မူဝါဒအဆိုပြုချက်များကို ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်း အဝေးကို နေပြည်တော်၌ ယခုနှစ် ဧပြီလကုန်၊ မေလဆန်း တွင် ကျင်းပရန် (၇)ကြိမ်မြောက်JICM အစည်းအဝေးက သဘောတူထားပါကြောင်း၊ (၂၁)ရာစုပင်လုံ တတိယအစည်း အဝေး၌ ဆွေးနွေးမည့် အဓိကခေါင်းစဉ်ကြီး ငါးခု ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာသဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ နှင့်ပတ်သက်ပြီး ဆွေးနွေးရန် UPDJC အစည်းအဝေးက သတ်မှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး၌ တင်သွင်းခြင်းမပြုရသေးသည့် အကြောင်းအရာများကို ဦးစားပေးဆွေးနွေးသွားရန် သဘောတူထားပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် NCA လက်မှတ်ရေးထိုးလာသည့် မွန်ပြည်သစ် ပါတီ၏လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အောင်အောင်မြင်မြင်ဖြစ်စေချင်ပါကြောင်း၊ အစိုးရအပေါ် ယုံကြည်မှု နားလည်မှုအပြည့်ဖြင့် NCA တွင် လက်မှတ် ရေးထိုးပါဝင်လာသည့် မွန်ပြည်သစ်ပါတီအတွက် အစစ အရာရာ အဆင်ပြေချောမွေ့အောင် အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း၊ အခြားလိုအပ်ချက် များရှိလာပါကလည်းNRPC အနေဖြင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာToR, SOP များကို ရှင်းလင်းပြောကြားပြီးUPDJC(EAOအစုအဖွဲ့)ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက မွန်လူမျိုး အလိုက် နိုင်ငံရေးဆွေးနွေးမှု ရလဒ်ကောင်းများရရှိအောင် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးကြရန်ဆွေးနွေးကာ UPDJC(နိုင်ငံရေးပါတီများအစုအဖွဲ့) ကိုယ်စားလှယ် ဦးသုဝေက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ နိုင်ရေး စိတ်တူကိုယ်တူ စုပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးအကြံပြုသည်။
ဆက်လက်ပြီး မွန်ပြည်သစ်ပါတီ အထွေထွေအတွင်း ရေးမှူး နိုင်အောင်မင်းက ရေးမြို့နယ်၌ ကျင်းပမည့် မွန်ပြည်သစ်ပါတီ(NMSP)၏ လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ဆောင်ရွက်မည့်အစီအစဉ်များကို လည်းကောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆွေးနွေးပွဲ ဖြစ်မြောက်ရန် အတွက် လိုအပ်သည့်အကူအညီ၊ အထောက်အပံ့များကို ဖြည့်ဆည်းပေးမည့်အကြောင်းကို လည်းကောင်း၊ မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ဒေါ်နန်းစံဝင့်ခိုင်က ကော်မတီက ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment