Monday, April 30, 2018

ကျေးရွာများသို့ ကွင်းဆင်း၍ တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံပေး

Image may contain: 7 people, people smiling, people standing
နေပြည်တော် ဧပြီ ၂၉
၂ဝ၁၈ ခုနှစ် ဧပြီ ၂၈ ရက်တွင် ကျရောက်သော ကမ္ဘာ့တိရစ္ဆာန် ဆေးကုနေ့ (World Veterinary Day) အခမ်းအနားကို ပြည်ထောင်စု နယ်မြေ နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးဌာနမှူး ရုံး၌ ဧပြီ ၂၈ ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါက်တာခင်ဇော်က World Veterinary Day နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရ ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းဦးက World Veterinary Dayကျင်းပရခြင်း အကြောင်းအရာများကို လည်းကောင်း၊ နေပြည်တော် မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသန်းလင်း က မွေးမြူရေးလုပ်ငန်းအပေါ် အဖွဲ့ ချုပ်၏ လှုပ်ရှားဆောင်ရွက်မှုများ အကြောင်းကို လည်းကောင်း၊ နေပြည်တော် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာ နှင်းယုဝေက ကမ္ဘာ့တိရစ္ဆာန် ဆေးကု နေ့ အထိမ်းအမှတ်နှင့်ပတ်သက်၍ ဟောပြောကာ တာဝန်ရှိသူများက အိမ်မွေးခွေးများကို ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနား မြို့နယ် ဦးကျေးရွာသို့လည်းကောင်း၊ လယ်ဝေးမြို့နယ် စည်ပိုင်းကျေးရွာသို့ လည်းကောင်း၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ လေသာကျေးရွာသို့လည်း ကောင်း၊ ပုဗ္ဗသီရိမြို့နယ် သန့်ဇင်လှ ကျေးရွာသို့ လည်းကောင်း ကွင်းဆင်း ကာ ကျွဲ၊ နွား တိရစ္ဆာန်များကို ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ကုသခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်မင်းအောင်-၁ဝ၇

No comments:

Post a Comment