Monday, April 30, 2018

လူထုဗဟိုပြုစီမံကိန်း လူထုစည်းရုံးရေးမှူးများ သင်တန်းဖွင့်

Image may contain: 2 people, people sitting and indoor
ရွှေကူ ဧပြီ ၂၉
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ပထမနှစ်စီမံကိန်းစက်ဝန်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထု စည်းရုံးရေးမှူးများသင်တန်း (၁/၂ဝ၁၈) ကို သင်တန်းဆရာ ဆရာမ လေးဦးနှင့် တက်ရောက်သူ ၁၆ ဦးတို့ဖြင့် ဧပြီ ၂၅ ရက်မှ ၃ဝ ရက်အထိ ရွှေကူမြို့နယ် လူထုဗဟိုပြု စီမံကိန်းရုံးတွင် သင်တန်းပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
ကျေးရွာများတွင် မေ ၁ ရက်မှ ၂ ရက် အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး မေ ၃ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment