Monday, April 30, 2018

ကျိန္တလီမြို့စည်ပင်သာယာဈေး မိုးမကျမီ ပြုပြင်ဆောင်ရွက်မည်

Image may contain: house and outdoor
ကျိန္တလီ ဧပြီ ၂၉
ကျိန္တလီမြို့ စည်ပင်သာယာဈေးပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် ဧပြီ ၂၄ ရက်က သက်ဆိုင်ရာမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့ စည်ပင်သာယာဈေးကော်မတီဝင်များ၊ စည်ပင်သာယာရေး အဖွဲ့မှ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် မြို့မိ မြို့ဖများအဖွဲ့သည် ကျိန္တလီ မြို့ဈေးအား ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည်များကို စစ်ဆေးခဲ့ကြသည်။
မကြာမီ မိုးရာသီကျရောက်မည်ဖြစ်ရာ ဈေးဆိုင်ခေါင်မိုးများ၊ ဈေးခုံတန်း များ၊ အမိုးအကာများ ခိုင်ခံ့စေရေးနှင့် ဈေးရောင်း၊ ဈေးဝယ်များ အဆင်ပြေစွာ ဝယ်ယူရောင်းချနိုင်ရန်အတွက် လိုအပ်သည်များကို ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment