Wednesday, April 4, 2018

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 3 people, people sitting and indoor
နေပြည်တော် ဧပြီ ၃
၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာ ကျင်းပနိုင် ရေး ဦးစီးကော်မတီများနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင် တက်ရောက် အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးအေးမောင်စိန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် များဖြစ်ကြသည့် ဦးအေးမြင့်၊ ဦးမင်းသူ၊ ဒေါ်စံပယ်ထွေးနှင့် ဦးမင်းသိမ်း၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး၊ နေပြည်တော်ကောင်စီ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ အနုပညာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၊ ရခိုင်တိုင်းရင်းသားလူမှုရေးအဖွဲ့ဝင်များ၊ နေပြည်တော် မီးသတ်တပ်ဖွဲ့မှူး၊ နေပြည်တော်မှုခင်း တပ်ဖွဲ့မှူး၊ နေပြည်တော်ယာဉ်ထိန်း တပ်ဖွဲ့မှူးနှင့် ရွှေသံလွင်ကုမ္ပဏီတို့မှ တာဝန်ရှိသူများတက်ရောက်ကြ သည်။
ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အောင်မြင် စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ဆပ်ကော်မတီများဖြစ်ကြသည့် လုံခြုံရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး၊ ရေရရှိ ရေးနှင့် ရေပက်ကစားရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ များမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တက်ရောက်လာကြ သူများက ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ယခုနှစ် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တေးသံရှင်များ နှင့် ယိမ်းအဖွဲ့များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ် ပေါ်တေးဂီတအဖွဲ့နှင့် တေးသံရှင်များ၊ ငြိမ်းချမ်းရေးဂီတ ပွဲတော်မှ အနုပညာရှင်များ၊ နိုင်ငံကျော်ခေတ်ပေါ် တေးသံရှင်များနှင့် ဌာနဆိုင်ရာများမှ ယိမ်းအဖွဲ့ဝင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ နေပြည်တော်တွင် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အပါအဝင် မဏ္ဍပ်ပေါင်း ၂၂ ခု ဆောက်လုပ်သွားမည် ဖြစ်ပြီး လမ်းလျှောက် သင်္ကြန်များလည်း ပါဝင်မည်ဖြစ် သည်။ မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများကိုလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ပြီး ရခိုင်ရိုးရာသင်္ကြန် မဏ္ဍပ်တွင်လည်း နေပြည်တော်ရှိ ရခိုင်တိုင်းရင်းသားများ ဖြင့် ရိုးရာနှင့်အညီ ရခိုင်သင်္ကြန်ပွဲတော်ကိုလည်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment