Sunday, April 29, 2018

ဘောလုံးပွဲကို ဘောလုံးပွဲအဖြစ်သာကြည့်ရှုအားပေးရန် လီဗာပူးပရိသတ်များကို ယာဂန်ကလော့ပ်တိုက်တွန်း

Image may contain: 1 person
လီဗာပူးပရိသတ်များအနေဖြင့် ရောမ တွင် ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်တွင် ကွင်း အတွင်းသာ ကြည့်ရှုအားပေးကြစေလို ကြောင်း လီဗာပူးနည်းပြ ယာဂန် ကလော့ပ်က တိုက်တွန်းပြောကြား လိုက်သည်။ လီဗာပူးက ရိုးမား အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင် ရရှိသည့် ပွဲစဉ်မစတင်မီ လီဗာပူး ပရိသတ် ဆီယန်ကော့စ်နှင့် ရိုးမား ပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့သေး သည်။ ရိုးမားအသင်းနှင့် ဒုတိယ အကျော့ပွဲစဉ်တွင် လီဗာပူးပရိသတ် ငါးထောင်နီးပါး လိုက်ပါအားပေးမည် ဖြစ်ရာ ယာဂန်ကလော့ပ်ကကွင်းအတွင်း စနစ်တကျ အားပေးရန် တိုက်တွန်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ကလော့ပ်က ''ရိုးမားက ကျွန်တော် တို့ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားမယ်ဆိုလည်း ဒါက သူတို့နဲ့ ထိုက်တန်တာပါပဲ၊ ကျွန်တော် တို့က သူတို့ကို ကျော်ဖြတ်သွားမယ်ဆို လည်း ဒါက ကျွန်တော်တို့နဲ့ ထိုက်တန် လို့ပါ၊ ဒါက ဘောလုံးပွဲတစ်ပွဲပဲဖြစ်ပြီး ဒါကိုနားမလည်တဲ့ သူတွေကိုလည်း ကျွန်တော် နားမလည်နိုင်ပါဘူး''ဟု ပြောကြားခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment