Wednesday, April 4, 2018

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်မည့် အစီအစဉ်များ၊ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနည်းလမ်းများ အမြင်ချင်းဖလှယ်

Image may contain: 1 person, smiling, sitting and indoor
နေပြည်တော် ဧပြီ ၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး(OCHA)၏ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး Ms. Ursula Mueller ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
ထိုသို့တွေ့ဆုံရာတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်မည့် အစီအစဉ်များအား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက် ဆောင်ရွက်ရန် ကိစ္စအပါအဝင် လူသားချင်းစာနာမှု အကူအညီ ပေးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ၊ ပညာရေး၊ အမျိုးသမီး များ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေး နည်းလမ်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်လည်း တက်ရောက် သည်။
သတင်းစဉ်

No comments:

Post a Comment