Sunday, April 1, 2018

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ သွားရောက်


Image may contain: 18 people, people sitting and suit
နေပြည်တော် မတ် ၃၁
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ၏ ဖိတ်ကြားချက်အရ မတ် ၂၈ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။
အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင် ရွက်နေသည့် လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ရာ တက် ရောက်လာသည့် အဖွဲ့အစည်းများက မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများတင်ပြ ခြင်းနှင့် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၂၉ ရက် တွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးနှင့်တွေ့ဆုံပြီး မတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည့် မြန်မာအလုပ်သမား များကိစ္စကို အလေးထားဆွေးနွေးပြီး အလုပ်သမားများအား အထောက်အထား ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တရားဝင်စေလွှတ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အလုပ်သမား အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ ရရှိနိုင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် သင်္ကြန်ကာလပိတ်ရက်အတွင်း မြန်မာအလုပ်သမားများ လွတ်လပ်စွာ ပြန်ခွင့်ရရှိနိုင်ရေး စသည်တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထိုင်း အလုပ်သမားဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ထိုင်းနိုင်ငံဘက်မှ ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းတိုးပေးခြင်းလုပ်ငန်းစဉ်နှင့် မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း များသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ CIလာရောက် လျှောက်ထားသော အလုပ်သမားများနှင့် ရင်းနှီးစွာတွေ့ဆုံ နှုတ်ဆက်ပြီး အခက်အခဲများမေးမြန်းခြင်း၊ ဆောင်ရွက်ပေး နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခြင်းနှင့် မြန်မာအလုပ်သမားများ၏ တင်ပြချက်များအပေါ် ထိုင်း အလုပ်သမားဝန်ကြီးနှင့် ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment