Sunday, April 1, 2018

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရွှေတိဂုံစေတီတော်အား ဖူးမြော်ကြည်ညို


Image may contain: 4 people, outdoor
ရန်ကုန် မတ် ၃၁
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသား ကော်မတီဒုတိယဥက္ကဋ္ဌ၊ မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးဟောင်း Mr. Edmund Ho Hau Wah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိ ကြသည်။
ထို့နောက် ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်းရှိ ရွှေစေတီ တော်အား ဖူးမြော်ကြည်ညိုပြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့အား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က ရွှေတိဂုံစေတီတော်၏ သမိုင်းကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဧည့်သည်တော်ကိုယ်စားလှယ်အဖွဲ့ သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာရည်များ ကပ်လှူပူဇော်ကြပြီး ဂေါပက အဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ဧည့်သည်တော်ကိုယ်စားလှယ်အဖွဲ့ သည် ကျောက်စိမ်းဘုရားကို ဖူးမြော်ကြည်ညိုကြကာ ရွှေတိဂုံ စေတီတော်အား လက်ယာရစ် လှည့်လည်ဖူးမြော်ကြသည်။
သတင်းစဉ်

No comments:

Post a Comment