Monday, April 2, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဗီယက်နမ်နိုင်ငံရှိ ဟိုချီမင်းနေအိမ်နှင့် ဟိုချီမင်းပြတိုက်တို့အား ကြည့်ရှုလေ့လာ

Image may contain: 6 people, people standing, suit and indoor
ဟနွိုင်း ဧပြီ ၁
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့ရှိ ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းနေထိုင်ခဲ့သည့် နေအိမ်နှင့် ဟိုချီမင်း ပြတိုက်တို့အား သွားရောက်ကြည့်ရှုလေ့လာ သည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဗီယက်နမ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဗီယက်နမ် အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းနေထိုင် ခဲ့သည့် နေအိမ်သို့ သွားရောက်ပြီး အလုပ်ခန်း၊ စာကြည့်ခန်း၊ အိပ်ခန်းနှင့် ¤င်း၏ အသုံး အဆောင်ပစ္စည်းများ၊ စာအုပ်များကို လှည့်လည်ကြည့်ရှုလေ့လာသည်။
ထို့နောက် ဒုတိယသမ္မတသည် ဟိုချီမင်း နေအိမ် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ဟိုချီမင်းပြတိုက်သို့ သွားရောက်ပြီး ဗီယက်နမ်အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်းရုပ်တုနှင့် ပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ဗီယက်နမ်
လူမျိုးတို့၏ ရိုးရာနေထိုင်မှုပုံစံ၊ ဗီယက်နမ်နိုင်ငံ၏ သမိုင်းဝင်အသုံးအဆောင်နှင့် ပစ္စည်းများကို လှည့်လည် ကြည့်ရှု လေ့လာသည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့သွားရောက်၍ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးကြီး အောင်ကျော်ဦး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ သံရုံး မိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောကြားပြီး သံရုံးနှင့် စစ်သံရုံးမိသားစုများအတွက် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များအား မြန်မာသံရုံးမိသားစုများက နေ့လယ်စာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
ပို့ဆောင်နှုတ်ဆက်
ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ဟနွိုင်းမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာ ကြရာ ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီး မစ္စတာ ကျူအုန် မင်းသွမ်၊ ဗီယက်နမ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ မြန်မာ စစ်သံမှူး ဗိုလ်မှူးကြီးအောင်ကျော်ဦး၊ သံရုံးနှင့် စစ်သံရုံးတို့ မှ တာဝန်ရှိသူများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ကြိုဆို နှုတ်ဆက်ကြ
ဒုတိယသမ္မတနှင့်အဖွဲ့သည် ညပိုင်းတွင် ရန်ကုန်မြို့ သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Dr. Luan Thuy Duong နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြ သည်။
သတင်းစဉ်

No comments:

Post a Comment