Tuesday, April 3, 2018

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၁/၂ဝ၁၈)ကြိမ်မြောက် တက္ကသိုလ်ကောင်စီအစည်းအဝေးကျင်းပ

Image may contain: 2 people, people sitting, table and indoor
ရန်ကုန် ဧပြီ ၂
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (၁/၂ဝ၁၈) ကြိမ်မြောက် တက္ကသိုလ်ကောင်စီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက တက္ကသိုလ်ဟောပြောခန်းမ၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်က သြဝါဒ ကထာ မြွက်ကြားချီးမြှင့်တော်မူသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ကောင်စီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက တက္ကသိုလ်၏ သင်ကြား၊ စီမံရေးရာ ကိစ္စရပ်များကို တင်ပြလျှောက်ထား သည်။
ဆက်လက်၍ ဒုတိယပါမောက္ခချုပ် (စီမံ)က (၁/၂ဝ၁၇) ကြိမ်မြောက် အစည်းအဝေးမှတ်တမ်း၊ ပါရဂူတန်း (Ph.D) (ဗုဒ္ဓဓမ္မ)ဘွဲ့ အောင်မြင်ပြီး သူများ စာရင်းနှင့် မဟာဝိဇ္ဇာ(MA) (ဗုဒ္ဓဓမ္မ)ဘွဲ့ အောင်မြင်ပြီးသူများ စာရင်းကို ကောင်စီက အတည်ပြု နိုင်ရန် တင်ပြလျှောက်ထားသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ် ဆရာတော်နှင့် ဌာနကြီးမှူး ဆရာတော် များ၊ ပြင်ပတက္ကသိုလ်များမှ ပါမောက္ခ ချုပ်များ၊ တက္ကသိုလ်ကောင်စီဝင် များက တက္ကသိုလ်၏ သင်ကြား၊ စီမံရေးရာကိစ္စရပ်များ၊ အပြည်ပြည် ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်စာကြည့်တိုက်အား အဆင့် မြှင့်တင်ဆောင်ရွက်ရာ၌ ကုန်ကျမည့် စရိတ်ငွေများအား ပညာရေး ပဒေသာပင် ရန်ပုံငွေမှ ထုတ်ယူသုံးစွဲ မည့်ကိစ္စများ၊ပြည်ပလေ့လာရေးအဖွဲ့ များ လာရောက်လေ့လာခြင်းကိစ္စရပ် များနှင့် သင်ကြားရေးဆိုင်ရာပါမောက္ခ ကိုးနေရာ၊ နည်းပြဆရာတော် ခြောက် နေရာအား တိုးချဲ့ခန့်အပ်နိုင်ရေးကိစ္စ အပါအဝင် အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment