Sunday, April 29, 2018

မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

Image may contain: 7 people, people standing and indoor
ရန်ကုန် ဧပြီ ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ် အောင်ဆန်း အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်း၌ ဧပြီ ၂၇ ရက် နံနက်က အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးလှိုင်မင်း နှင့်အဖွဲ့များက မီးဘေးသင့်ပြည်သူ များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်းများ၊ ထောက်ပံ့ငွေ များပေးအပ်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များဖြစ်ကြသည့် ဦးသာအောင် နှင့် ဦးဝေဖြိုးဟန်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးတင်လှိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခလရ(၉ဝ) တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ဝင်းသူ အောင်တို့က မီးဘေးသင့်အိမ်ထောင်စု များ စုစုပေါင်း လူဦးရေ ၃ဝ တို့အား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ရိက္ခာ ခုနစ်ရက်စာဖိုးငွေများနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးတို့ကို အိမ်ခြေ အိမ်ထောင်စုအလိုက် အိမ်ထောင်ဦးစီးများထံသို့ ပေးအပ်ခဲ့ ကြသည်။
အဆိုပါ ယာယီကယ်ဆယ်ရေး စခန်းရှိ အိမ်ထောင်စုများသည် ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် မီးလောင်ကျွမ်း ခဲ့သော အောင်ဆန်းရပ်ကွက် အောက်မင်္ဂလာဒုံ(၁) ပေါက်ပင်လမ်းရှိ နေအိမ်ငါးလုံး အိမ်ထောင်စု ခုနစ်စု လူဦးရေ အမျိုးသား အမျိုးသမီး စုစုပေါင်း မီးဘေးသင့်ပြည်သူ ၃ဝ တို့ဖြစ်ကြပြီး ခလရ(၉ဝ)မှ မီးလောင် သည့်နေ့ နံနက်ပိုင်း၊ ညနေပိုင်းတို့တွင် ထမင်းထုပ်များ ဝေငှခဲ့ကြကြောင်း သိရသည်။
ဥာဏ်ဟိန်း

No comments:

Post a Comment