Wednesday, April 4, 2018

တောင်အာဖရိက သမ္မတဟောင်း မန်ဒဲလား၏ ဇနီးဟောင်း လှုပ်ရှားတက်ကြွသူ ဝင်နီမန်ဒဲလား ကွယ်လွန်

Image may contain: 6 people, people smiling
ဂျိုဟန်နစ္စဘတ် ဧပြီ ၃
တောင်အာဖရိကနိုင်ငံတွင် လူဖြူလူမည်း အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ခဲ့သည့် ထင်ရှားကျော်ကြားသော လှုပ်ရှားတက်ကြွသူ နှင့် ယင်းနိုင်ငံ၏ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား၏ ဇနီးဟောင်းဖြစ်သူ ဝင်နီမန်ဒဲ လား (အသက် ၈၁ နှစ်)သည် ဧပြီ ၂ ရက်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။
ဝင်နီမန်ဒဲလားသည် သမိုင်းဝင်ပုဂ္ဂိုလ် တစ်ဦးဖြစ်လာသော်လည်း တောင်အာဖရိက အများပြည်သူတို့အတွင်း သဘောထားအမြင် ကွဲပြားစွာ မှတ်ချက်ပေးခံရသူ တစ်ဦးဖြစ် ကြောင်း၊ ၎င်းကွယ်လွန်သွားခြင်းအတွက် အများပြည်သူတို့က ဝမ်းနည်းကြေကွဲကြရပြီး လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုစကားဆိုကြကြောင်း သတင်းတွင် ဖော်ပြသည်။
ရဲရင့်တက်ကြွသော လှုပ်ရှားတက်ကြွသူ ဝင်နီမန်ဒဲလားသည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့ရှိ ဆေးရုံတွင် ကွယ်လွန်ခဲ့ ကြောင်း ၎င်း၏ မိသားစုက ပြောကြားသည်။ ဝင်နီမန်ဒဲလားသည် အသားအရောင်ခွဲခြား ဖိနှိပ်သည့် စနစ်ကျင့်သုံးသည့် တောင် အာဖရိကနိုင်ငံတွင် ယင်းစနစ်ကို ရွပ်ရွပ်ချွံချွံ ဆန့်ကျင်တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း၊ ၎င်းကို တောင်အာဖရိကနိုင်ငံ တစ်ဝန်းတွင် နိုင်ငံ၏ မိခင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သိရှိကြ ကြောင်း ၎င်း၏ မိသားစုက ပြောကြားသည်။
ဝင်နီမန်ဒဲလားသည် နယ်လ်ဆင်မန်ဒဲ လားနှင့် ၃၈ နှစ်ကြာ ပေါင်းသင်းနေထိုင်ခဲ့ပြီး အသားအရောင်ခွဲခြားဆက်ဆံသည့် အုပ်စိုးမှုကို ဆန့်ကျင်တိုက်ခိုက်မှုတွင် လူဖြူအုပ်စိုးမှု ကျဆုံးချိန်အထိ တက်ကြွစွာ ပါဝင်ခဲ့သည်။ ဝင်နီမန်ဒဲလားသည် သမိုင်းတွင်ရစ်သူဖြစ် သော်လည်း ၎င်း၏ လုပ်ဆောင်ချက်အချို့မှာ အငြင်းပွားဖွယ်ရာဖြစ်ရသည်။ နိုဘယ်ငြိမ်းချမ်း ရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်တိုက်ခိုက် ရာတွင် ရှင်းလင်းပြတ်သားသော သင်္ကေတဟု ဝင်နီမန်ဒဲလားအား ထုတ်ဖော်ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment